Zawgyi

Samsung ဟာ လြန္ခဲ့တဲ့ႏွစ္လက Galaxy Tab S စီးရီးအတြက္ ေစ်းခ်ဳိသာတဲ့ ဗားရွင္းကို မိတ္ဆက္ခဲ့ေပမယ့္ Flagship ေမာ္ဒယ္ Galaxy Tab S5 ကေတာ့ ထြက္မလာခဲ့ပါဘူး။ အခုခ်ိန္မွာ Galaxy Tab S5 ဟာ သူတုိ႔ရဲ႕အမွတ္တံဆိပ္ျဖစ္တဲ့ S Pen ကို ဆက္လက္သယ္ယူလာပါဦးမလားလို႔ သံသယစကားေတြ ထြက္ေနေပမယ့္ ဝမ္းသာစရာသတင္းတစ္ခု ထြက္ေပၚလာခဲ့ပါၿပီ။

စိတ္ခ်ရတဲ့ သတင္းရင္းျမစ္တစ္ခုက ဒီ Flagship ေမာ္ဒယ္မွာ S Pen တစ္ခု ပါဝင္လာမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဒါ့အျပင္ Galaxy Note 10 ထြက္ရွိမယ့္အခ်ိန္နဲ႔ သိပ္မကြာဘဲ (သို႔) တူညီစြာ ထြက္ေပၚလာဦးမွာလို႔လဲ သိခြင့္ရခဲ့ပါတယ္။

ၿပီးခဲ့တဲ့ငါးႏွစ္လုံးမွာလည္း Flagship Phablet ကို ၾသဂုတ္လအတြင္းမွာပဲ မိတ္ဆက္ခဲ့ၾကတာပါ။ ဒါေၾကာင့္ Samsung ကုမၸဏီဟာ ရုိးရာကိုဆက္လက္ထိန္းသိမ္းဖို႔ မ်ားေနၿပီး အခုကေန ႏွစ္လအခ်ိန္ၾကာမွ ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။

Galaxy Tab S5 ရဲ႕ Specs အခ်ဳိ႕ကိုလည္း ၾကားသိခဲ့ရၿပီး ၄င္းမွာ Snapdragon 855 ခ်စ္ပ္ဆက္၊ 6GB RAM နဲ႔ အျမင့္ဆုံး 512GB Storage ထိပါဝင္လာႏုိင္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အေျခခံ Storage 64GB ေမာ္ဒယ္ေတာ့ ပါမလာဘူး ဆုိတဲ့အတြက္ အနည္းဆုံး 128GB ျဖစ္ႏုိင္ပါတယ္။ ေနာက္ဆုံးထြက္ခဲ့တဲ့ Galaxy Tab S ႏွစ္ခုလုံးဟာ ခ်စ္ပ္ဆက္ကို မ်ဳိးဆက္တစ္ခုေနာက္က်တာပဲ သုံးခဲ့ၾကတဲ့အတြက္ အခုလို ေနာက္ဆုံးေပၚ ခ်စ္ပ္ဆက္ကို ေျပာင္းလဲအသုံးျပဳလာတာဟာ ေကာင္းမြန္တဲ့ လကၡဏာတစ္ခုပါပဲ။

Ref – GSM Arena

Unicode

Samsung ဟာ လွန်ခဲ့တဲ့နှစ်လက Galaxy Tab S စီးရီးအတွက် ဈေးချိုသာတဲ့ ဗားရှင်းကို မိတ်ဆက်ခဲ့ပေမယ့် Flagship မော်ဒယ် Galaxy Tab S5 ကတော့ ထွက်မလာခဲ့ပါဘူး။ အခုချိန်မှာ Galaxy Tab S5 ဟာ သူတို့ရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ S Pen ကို ဆက်လက်သယ်ယူလာပါဦးမလားလို့ သံသယစကားတွေ ထွက်နေပေမယ့် ဝမ်းသာစရာသတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။

စိတ်ချရတဲ့ သတင်းရင်းမြစ်တစ်ခုက ဒီ Flagship မော်ဒယ်မှာ S Pen တစ်ခု ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် Galaxy Note 10 ထွက်ရှိမယ့်အချိန်နဲ့ သိပ်မကွာဘဲ (သို့) တူညီစွာ ထွက်ပေါ်လာဦးမှာလို့လဲ သိခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်လုံးမှာလည်း Flagship Phablet ကို သြဂုတ်လအတွင်းမှာပဲ မိတ်ဆက်ခဲ့ကြတာပါ။ ဒါကြောင့် Samsung ကုမ္ပဏီဟာ ရိုးရာကိုဆက်လက်ထိန်းသိမ်းဖို့ များနေပြီး အခုကနေ နှစ်လအချိန်ကြာမှ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

Galaxy Tab S5 ရဲ့ Specs အချို့ကိုလည်း ကြားသိခဲ့ရပြီး ၎င်းမှာ Snapdragon 855 ချစ်ပ်ဆက်၊ 6GB RAM နဲ့ အမြင့်ဆုံး 512GB Storage ထိပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခြေခံ Storage 64GB မော်ဒယ်တော့ ပါမလာဘူး ဆိုတဲ့အတွက် အနည်းဆုံး 128GB ဖြစ်နိုင်ပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ Galaxy Tab S နှစ်ခုလုံးဟာ ချစ်ပ်ဆက်ကို မျိုးဆက်တစ်ခုနောက်ကျတာပဲ သုံးခဲ့ကြတဲ့အတွက် အခုလို နောက်ဆုံးပေါ် ချစ်ပ်ဆက်ကို ပြောင်းလဲအသုံးပြုလာတာဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပါပဲ။

Ref – GSM Arena