Galaxy Z Flip နဲ့ Galaxy Z Flip 5G တို့ဟာ သူတို့ရဲ့ ပထမဆုံး Android 12 update ကို ပြီးခဲ့တဲ့လက စတင်ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီ Update က အကန့်အသတ်နဲ့သာ ဖြစ်ခဲ့ပြီး အာရှနဲ့ ဥရောပဈေးကွက်တွေမှာ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ အမေရိကန်ဈေးကွက်က Galaxy Z Flip နဲ့ Galaxy Z Flip 5G တွေကို အဓိက Android OS update ထုတ်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီရက်သတ္တပတ်ရဲ့ နောက်ဆုံးမှာတော့ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ ကနေဒါက Foldable ဖုန်းနှစ်မျိုးအတွက် Android 12 update ကို ထုတ်ပေးလိုက်တာကို တွေ့ရပါတယ်။

ကနေဒါက Galaxy Z Flip တွေအတွက် Android 12 အခြေခံထားတဲ့ One UI 4.0 update ဟာ Firmware version F700WVLU4FULA နဲ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့သောကြာနေ့ကအထိ Bell Mobile, Rogers, Telus, Videotron’s networks တို့မှာ ရနိုင်တယ်လို့ သိရပါတယ်။ Galaxy Z Flip 5G အတွက် Android 12 update မှာ Firmware version F707WVLU2EUL9 ဖြစ်ပါတယ်။

ဒါပေမဲ့ Galaxy Z Flip နဲ့ Galaxy Z Flip 5G တို့ဟာ 2021 December security patch တွေမှာပဲ ရှိနေကြပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကနေဒါက အသုံးပြုသူတွေအနေနဲ့ Settings » Software update » Download and install ဆိုပြီး လွယ်လင့်တကူ Update ပြုလုပ်နိုင်ကြပြီ ဖြစ်ပါတယ်။

Ref: SamMobile