အခုအချိန်ထိတော့ Samsung အနေနဲ့ Galaxy Z Fold 3 ကို 512GB Storage မော်ဒယ်ပါ ထုတ်လုပ်နိုင်တယ်ဆိုတဲ့အကြောင်း ခိုင်လုံတဲ့သက်သေအထောက်အထား မရှိသေးပါဘူး။ ကနဦးထွက်ထားတဲ့ သတင်းတွေအရ 12GB RAM နဲ့ 256GB storage အမျိုးအစားရှိလိမ့်မယ်ဆိုတာပဲ ပြောနိုင်ပါသေးတယ်။

ဒါပေမဲ့ 512GB အမျိုးအစားလည်း ထွက်ပေါ်လာနိုင်ခြေရှိပါသေးတယ်။ Z Fold 2 မော်ဒယ်လို တူညီတဲ့သိုလှောင်မှုပမာဏနဲ့မဟုတ်သလို တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ် တွေမှာလည်း ကန့်သတ်ထားတာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ ယိုစိမ့်ထွက်ပေါ်လာတဲ့ပုံအရ Galaxy Z Fold 3 512GB ကို အနည်းဆုံးတော့ တောင်ကိုရီးယားမှာ ရောင်းမယ်လို့ ဆိုနိုင်ပါတယ်။

ဒီ Foldable ဖုန်းဟာ Galaxy Note 20s ကို ဆက်ခံတယ်လို့လည်း ဆိုရမှာပါ။ ဒါကြောင့် အခြားဈေးကွက်တွေမှာလည်း ဒီမော်ဒယ်ကို မြင်တွေ့ရမှာပါ။ ဒီဟန်းဆက်မှာ SD card slot လည်း ပါလာမှာမဟုတ်ပါဘူး။ အခြားအချက်အဖြစ် Under-panel selfie camera ပါဝင်လာဖို့ကို မျှော်လင့်နိုင်ပြီး၊ S Pen stylus ကိုလည်း ထောက်ပံ့ပေးဖို့ မျှော်လင့်နိုင်ပါတယ်။

Galaxy Z Fold 3 ဟာ Qualcomm Snapdragon 888 chipset ပြီး အလျင်ထွက်ခဲ့တာနဲ့ ဆင်တူတဲ့ အရွယ်အစား၊ ဒီဇိုင်းပိုင်းကိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အစောပိုင်းပေါက်ကြားမှုတစ်ခုမှာတော့ Galaxy Z Fold 3 ကို Black, Cream, Green နဲ့ Silver ဆိုပြီး အရောင်လေးမျိုးနဲ့ တွေ့ရမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အရောင်ရရှိမှုဟာ နိုင်ငံအလိုက်ကွဲပြားမယ်လို့လည်း ကောလာဟလထွက်ထားပါတယ်။ ဒါ့အပြင် Galaxy Z Fold 3 ဟာ အရင်မျိုးဆက် Foldable တွေတုန်းကလိုမျိုး ဈေးမကြီးတော့ဘူးဆိုတာပါပဲ။

Ref: Phone Arena