Samsung ဟာ နည်းပညာပိုင်းဆိုင်ရာမှာ နောက်ကျတဲ့ ကုမ္ပဏီတော့ မဟုတ်ပါဘူး။ Foldable ဈေးကွက်ထဲမှာ တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီကြီးရဲ့ ထုတ်ကုန်တွေက အောင်မြင်မှုတွေဆက်တိုက်ဆိုသလို ဆွတ်ခူးရယူနေတာက သက်သေပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် Samsung ဟာ သူ့ရဲ့ စီးပွားဖြစ် Device တွေမှာ Under-Display-Camera (UDC) ကို ထည့်သွင်းမိတ်ဆက်ဖို့တော့ ပျက်ကွက်နေတုန်း ဖြစ်ပါတယ်။ ကနဦးသတင်းတွေတုန်းက Samsung Galaxy S21 ဖုန်းတွေမှာ UDC ကို ထည့်သွင်းသွားမယ်လို့ ဖော်ပြခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ လွဲချော်သွားခဲ့ပြီ ဖြစ်ပါတယ်။ အခုတော့ Galaxy Z Fold 3 အလှည့်ရောက်လာပြန်ပါတယ်။

Samsung Display ဟာ UDC ထောက်ပံ့နိုင်တဲ့ Screen ကို တည်ဆောက်နိုင်ခဲ့ပြီလို့ ထုတ်လုပ်မှုနယ်ပယ်ထဲကထွက်လာတဲ့ အတွင်းသတင်းကိုကိုးကားပြီး ETNews က ရေးသားဖော်ပြလာပါတယ်။ Pixel တွေကြားက ကွာဟချက်ဟာ အလင်းဖြတ်သန်းလာဖို့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့ ခွင့်ပြုစေပါတယ်။ ဒါပေမယ့် OLED display layer ဟာ အလင်းကို ယိုင်စေတာကြောင့် ပုံရိပ်ကိုပြင်ဆင်ဖို့အတွက် Special algorithms တွေ လိုအပ်နေတုန်း ဖြစ်ပါတယ်။

ကင်မရာ Module ကို Samsung LSI က ထောက်ပံ့မယ်လို့ သိရပါတယ်။ ကျယ်ပြန့်တဲ့ကွာဟမှုက ကင်မရာမှန်ဘီလူးရှိတဲ့နေရာတစ်ဝိုက်မှာပဲ  မျက်နှာပြင်ရဲ့ ပုံရိပ်အရည်အသွေးပေါ် သက်ရောက်မှာဖြစ်ပါတယ်။ ဒီနည်းပညာနဲ့ Feature ဟာ Samsung Galaxy Z Fold 3 မှာ ပါဝင်လာမယ်လို့ ဆိုပါတယ်။ Galaxy Z Fold 3 ကို ၂၀၂၁ ခုနှစ် တတိယသုံးလပတ်မှာပွဲထုတ်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena