Samsung Electronics Co., Ltd ၏ အကောင်းမွန်ဆုံးသော Galaxy လုပ်ဆောင်ချက်များအား ပေါင်းစပ်ဖန်တီးထားသည့် နောက်ဆုံးပေါ် မျိုးဆက်သစ် S Series စမတ်ဖုန်းများအား ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် Global Galaxy Unpacked အခမ်းအနားကြီးတွင် မိတ်ဆက်ပြသခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၉:၃၀ အချိန်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ Global Galaxy Unpacked အခမ်းအနားကြီးတွင် ကမ္ဘာတစ်ဝန်းမှ ကြည့်ရှုသူများအနေနှင့် Samsung ၏ Galaxy ခရီးစဉ်တစ်လျှောက် ဆန်းသစ်မှုအရှိဆုံးနှင့် စွမ်းဆောင်ရည်အမြင့်မားဆုံးသော နည်းပညာထုတ်ကုန်များဖြစ်သည့် Galaxy S22 Ultra, Galaxy S22+, Galaxy S22 နှင့် Galaxy Tab S8 Series တို့အား ကြည့်ရှုခံစားခွင့် ရရှိခဲ့သည်။

ညခင်းပုံရိပ်များအား ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မည့် Nightography၊ အသေးစိတ် ရိုက်ကူးပုံဖော်နိုင်မည့် Cinematic details နှင့် ပြင်ပလောကနှင့် တစ်ထပ်တည်းတူညီသည့် portrait ပုံရိပ်ရိုက်ကူးနိုင်မှု စသည့် ပရော်ဖက်ရှင်နယ်အဆင့် ဗီဒီယိုနှင့် ကင်မရာ စွမ်းဆောင်ရည်၊ ကမ္ဘာ့အမြန်ဆုံး 4nm AP processor၊ စွမ်းဆောင်ရည် အမြင့်မားဆုံး ကြာရှည်ခံမှုနှင့် ဘက်ထရီသက်တမ်းများဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ဤ Samsung Galaxy S22 Series စမတ်ဖုန်းများသည် လက်ရှိ စမတ်ဖုန်းများ၏ အနာဂတ်အား တထစ်ချိုး ပြောင်းလဲဆန်းသစ်သွားစေမည် ဖြစ်သည်။ ထို့အပြင် Samsung ၏ သမိုင်းကြောင်း တစ်လျှောက် Galaxy S စွမ်းဆောင်ရည်နှင့် Galaxy Note လုပ်ဆောင်နိုင်စွမ်းများအား ပထမဦးဆုံးအကြိမ် ပေါင်းစပ်ခြင်းအဖြစ် နောက်ဆုံးပေါ် Galaxy S22 Series ၏ စွမ်းဆောင်ရည် အမြင့်မားဆုံးသော စမတ်ဖုန်းမော်ဒယ်ဖြစ်သည့် Galaxy S22 Ultra တွင် အဆင့်မြှင့်တင်ထားသော Samsung ၏ အမှတ်သင်္ကေတ S Pen ကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထားသည်။

“ဒီနေ့မှာတော့ ကျွန်တော်တို့ Samsung ရဲ့ သမိုင်းကြောင်းကို တစ်ခေတ်ဆန်းသစ်လိုက်ပါပြီ။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Galaxy အသုံးပြုသူတွေအားလုံး သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အဆင်ပြေလွယ်ကူမှုအရှိဆုံးနဲ့ အောင်မြင်ပြီးစီးနိုင်အောင် ကူညီထောက်ပံ့ပေးနိုင်ဖို့ဆိုတဲ့အချက်က Samsung ရဲ့ အဓိကရည်သန်ချက်ပါ။ ဒါကြောင့်လည်း ဒီရည်သန်ချက်နဲ့အညီ အချိန်မရွေး၊ နေရာမရွေး မြင့်မားတဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ထောက်ပံ့ပေးနိုင်မယ့် မျိုးဆက်သစ် Galaxy S22 Series စမတ်ဖုန်းတွေကို အခုလို မိတ်ဆက် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် Galaxy S22 Series စမတ်ဖုန်းမော်ဒယ်အသစ် ၃ မျိုးစလုံးမှာ လုပ်ဆောင်ချက် အခန်းကဏ္ဍ အသီးသီးကို အဆင့်မြှင့်တင်ပေးထားတဲ့အပြင် Galaxy S22 Ultra မှာဆိုရင်လည်း အထင်ကရ S Pen စွမ်းဆောင်ရည်ကိုပါ ထပ်မံအားဖြည့်ပေးထားတဲ့အတွက် Galaxy အသုံးပြုသူတွေအနေနဲ့ လုပ်ငန်းခွင်မှာရော၊ ကိုယ်ပိုင်ဘဝမှာပါ အမြင့်မားဆုံး စွမ်းဆောင်ရည်တွေကို ရရှိခံစားသွားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

ကြိုတင်မှာယူမှုအစီအစဉ်နှင့် အထူးခံစားခွင့်များ

ဤ နောက်ဆုံးပေါ် မျိုးဆက်သစ် Galaxy S Series စမတ်ဖုန်းများအား ကြိုတင်မှာယူလိုသူများအတွက် Samsung Myanmar သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) စာရင်းကောက်ခံပေးသွားမည် ဖြစ်သည်။ စွဲမက်ဖွယ် အရောင် ၃ ရောင် (Green, White နှင့် Black) အနက် ကြိုက်နှစ်သက်ရာအရောင်အား ရွေးချယ်မှာယူနိုင်မည့် Samsung Galaxy S22 (8+256GB) နှင့် Galaxy S22+ (8+256GB) စမတ်ဖုန်းများအား ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၂,၀၂၅,၀၀၀ နှင့် မြန်မာငွေကျပ် ၂,၄၇၅,၀၀၀ တို့ဖြင့် အသီးသီး ဝယ်ယူသွားနိုင်မည် ဖြစ်သည်။ ကြိုတင်မှာယူမှု ဈေးနှုန်း မြန်မာငွေကျပ် ၂,၉၉၉,၀၀၀ ကျသင့်မည့် Samsung Galaxy S22 Ultra (12+256GB) စမတ်ဖုန်းကိုမူ တမူထူးခြားဆန်းသစ်သည့် အရောင် ၂ ရောင် (Burgundy နှင့် Black) အနက် ကြိုက်နှစ်သက်ရာ အရောင်အား ရွေးချယ်မှာယူသွားနိုင်မည် ဖြစ်သည်။

သုံးစွဲသူများ ပိုမို အဆင်ပြေလွယ်ကူမှု ရှိစေရန်အတွက် Samsung Myanmar သည် ကြိုတင်မှာယူမှုများအား Mobile Banking မှတဆင့် အပြည့်အဝ လက်ခံပေးသွားရန်လည်း စီစဉ်ပေးသွားမည် ဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်းမှ ကြိုတင်မှာယူသူများအနေနှင့် CB Bank credit card အား အသုံးပြု၍ ၆ လအထိ အတိုးမဲ့ (0% Interest) အရစ်ကျဝယ်ယူသွားနိုင်မည် ဖြစ်ကာ၊ KBZPay Shopper Loan အား ရယူ၍လည်း အတိုးမဲ့ (0% Interest) ဖြင့် အရစ်ကျဝယ်ယူသွားနိုင်မည်ဖြစ်သည်။

ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ အားပေးသွင်းပြီး ၎င်းတို့၏ စမတ်ဖုန်းအသစ်များအား ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်ပါသည်။ ကြိုတင်မှာယူထားသူများအနေနှင့် Samsung Myanmar မှပေးအပ်သော အောက်ပါ အပိုထပ်ဆောင်း လက်ဆောင်များကိုလည်း အသီးသီး ရရှိသွားမည် ဖြစ်သည်။ (ပစ္စည်းလက်ကျန်ရှိသည်အထိသာ)

– Galaxy S22 Ultra 256GB စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် မြန်မာငွေကျပ် ၃,၂၉၉,၀၀၀ တန်ဖိုးရှိ 512 GB Version ကို ရရှိနိုင်မည့်အခွင့်အ‌ရေး၊ Silicone Cover with Strap နှင့် Travel Adapter

– Galaxy S22 နှင့် Galaxy S22+ စမတ်ဖုန်းများအား ကြိုတင်မှာယူသူများအတွက် Galaxy Buds2၊ Silicone Cover with Strap နှင့် Travel Adapter

ထို့အပြင် Samsung Tab S8 Series တွင် Tab S8 Ultra (12+256 GB), Tab S8+ (8+256 GB) နှင့် Tab S8 (8+128 GB) တို့ကိုလည်း တင်သွင်းသွားမည်ဖြစ်ပြီး Pre Order ကို မတ်လအတွင်း ကောက်ယူသွားမည်ဖြစ်သည်။

အထူးအာမခံ ဝန်ဆောင်မှု

ထို့အပြင် သုံးစွဲသူများ အနေနှင့် အထူးအာမခံ အခွင့်အရေး ဖြစ်သည့် No Worry Crack ဝန်ဆောင်မှုအဖြစ် အဆိုပါကာလအတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ရှေ့မျက်နှာပြင်ထိခိုက်ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀% အထိ သက်သာခွင့်တစ်ကြိမ် (သို့မဟုတ်) အနောက်မျက်နှာပြင် ထိခိုက်ပျက်စီးမှုအတွက် ပစ္စည်းဖိုးနှင့်လက်ခ ၁၀၀% အထိ သက်သာခွင့်တစ်ကြိမ်အား (ဝယ်ယူသည့်နေ့မှ တစ်နှစ်အထိ) ခံစားသွားနိုင်မည် ဖြစ်သည်။

လက်ရှိကိုင်ဆောင်ထားသော စမတ်ဖုန်းများဖြင့်လဲလှယ်ခြင်း အစီအစဉ်

Samsung Galaxy S Series နှင့် Note Series စမတ်ဖုန်းများ (Samsung Galaxy S10, Note8 နှင့်အထက်) အပြင် (အခြားစမတ်ဖုန်းအမျိုးအစားများ) အား ကိုင်ဆောင်ထားသူများ အနေနှင့်  လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၎င်းတို့၏ စမတ်ဖုန်းများအား အသစ် မိတ်ဆက်ခဲ့သည့် မျိုးဆက်သစ် S22 Series စမတ်ဖုန်းများနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း Samsung Myanmar မှ စီစဉ်ပေးထားသည်။ (အရေအတွက်အကန့်အသတ်ဖြင့်သာ) ထို့အပြင် ထိုသို့လဲလှယ် ဝယ်ယူမှုများအတွက် Samsung Myanmar သည် Galaxy S22 Ultra အား လဲလှယ်ဝယ်ယူသူများအတွက် ထပ်ဆောင်း အပိုလက်ဆောင် မြန်မာငွေကျပ် ၃၀၀,၀၀၀ နှင့် Galaxy S22 နှင့် S22+ အား လဲလှယ်ဝယ်ယူသူများအတွက် ထပ်ဆောင်း အပိုလက်ဆောင် မြန်မာငွေကျပ် ၂၀၀,၀၀၀ တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Samsung Contact Center 012399888 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

Source – Samsung