Zawgyi

Realme 5 ထုတ္ကုန္စီးရီးဟာ သိပ္မၾကာခင္ ထြက္ရွိလာေတာ့မွာျဖစ္ၿပီး ေလာေလာဆယ္ေတာ့ Realme 5 Pro ရဲ႕ ကင္မရာနဲ႔ပတ္သက္တဲ့ အပုိင္းေတြကို ပိုၿပီးလူစိတ္ဝင္စားေနၾကပါတယ္။ ဒါေပမယ့္ Realme 5 ပုံမွန္ဗားရွင္းဟာ Geekbench ေပၚသို႔ လာေရာက္အစမ္းသပ္ခံခဲ့ရာမွာ စိတ္ဝင္စားစရာ Specs အခ်ဳိ႕ကို ေဖာ္ျပခဲ့ပါတယ္။

Geekbench ရဲ႕အခ်က္အလက္အရ Realme 5 ဖုန္းမွာ Snapdragon 665 ခ်စ္ပ္ဆက္ကို 4GB RAM မန္မုိရီနဲ႔ တြဲဖက္လာမယ္လို႔ သိရၿပီး Android 9 Pie ကိုအေျခခံတဲ့ ColorOS 6 ျဖင့္ အသုံးျပဳရမွာပါ။ အဆုိပါ ဖုန္းအသစ္ဟာ Geekbench မွာေတာ့ Single-core အတြက္ 1,525 နဲ႔ Multi-core စမ္းသပ္ခ်က္အတြက္ 5,498 မွတ္ အသီးသီးရရွိထားပါတယ္။

Realme ဟာ သူ႕ရဲ႕ Realme 5 နဲ႔ 5 Pro ဖုန္းေတြကို လာမယ့္ ၾသဂုတ္လ ၂၀ ရက္ေန႔မွာ မိတ္ဆက္ေတာ့မွာျဖစ္ကာ 5 Pro မွာေတာ့ Sony IMX586 48MP အဓိက Lens ပါဝင္မယ့္ Quad-camera ကို အတည္ျပဳၿပီးပါၿပီ။

အခု Geekbench မွာ ေမာ္ဒယ္နံပါတ္ Realme RMX1911 အျဖစ္ အစမ္းသပ္ခံခဲ့တဲ့ Realme 5 ဖုန္းဟာ ထိုင္းႏုိင္ငံရဲ႕ NBTC Database မွာလည္း ဒီေမာ္ဒယ္နံပါတ္နဲ႔ပဲ အတည္ျပဳခ်က္ ရယူၿပီးျဖစ္ေပမယ့္ Spec ေတြကိုေတာ့ မသိရေသးဘဲ အခုမွ ပထမဆုံးအႀကိမ္ေပၚထြက္လာတာပါ။ ၾသဂုတ္ ၂၀ ရက္ေန႔ နီးကပ္လာတာနဲ႔ Realme 5 စီးရီးရဲ႕ Feature ေတြ တစ္ခုစီ ေပၚေပါက္လာမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena

Unicode

Realme 5 ထုတ်ကုန်စီးရီးဟာ သိပ်မကြာခင် ထွက်ရှိလာတော့မှာဖြစ်ပြီး လောလောဆယ်တော့ Realme 5 Pro ရဲ့ ကင်မရာနဲ့ပတ်သက်တဲ့ အပိုင်းတွေကို ပိုပြီးလူစိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် Realme 5 ပုံမှန်ဗားရှင်းဟာ Geekbench ပေါ်သို့ လာရောက်အစမ်းသပ်ခံခဲ့ရာမှာ စိတ်ဝင်စားစရာ Specs အချို့ကို ဖော်ပြခဲ့ပါတယ်။

Geekbench ရဲ့အချက်အလက်အရ Realme 5 ဖုန်းမှာ Snapdragon 665 ချစ်ပ်ဆက်ကို 4GB RAM မန်မိုရီနဲ့ တွဲဖက်လာမယ်လို့ သိရပြီး Android 9 Pie ကိုအခြေခံတဲ့ ColorOS 6 ဖြင့် အသုံးပြုရမှာပါ။ အဆိုပါ ဖုန်းအသစ်ဟာ Geekbench မှာတော့ Single-core အတွက် 1,525 နဲ့ Multi-core စမ်းသပ်ချက်အတွက် 5,498 မှတ် အသီးသီးရရှိထားပါတယ်။

Realme ဟာ သူ့ရဲ့ Realme 5 နဲ့ 5 Pro ဖုန်းတွေကို လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ မိတ်ဆက်တော့မှာဖြစ်ကာ 5 Pro မှာတော့ Sony IMX586 48MP အဓိက Lens ပါဝင်မယ့် Quad-camera ကို အတည်ပြုပြီးပါပြီ။

အခု Geekbench မှာ မော်ဒယ်နံပါတ် Realme RMX1911 အဖြစ် အစမ်းသပ်ခံခဲ့တဲ့ Realme 5 ဖုန်းဟာ ထိုင်းနိုင်ငံရဲ့ NBTC Database မှာလည်း ဒီမော်ဒယ်နံပါတ်နဲ့ပဲ အတည်ပြုချက် ရယူပြီးဖြစ်ပေမယ့် Spec တွေကိုတော့ မသိရသေးဘဲ အခုမှ ပထမဆုံးအကြိမ်ပေါ်ထွက်လာတာပါ။ သြဂုတ် ၂၀ ရက်နေ့ နီးကပ်လာတာနဲ့ Realme 5 စီးရီးရဲ့ Feature တွေ တစ်ခုစီ ပေါ်ပေါက်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။

Ref – GSM Arena