[Zawgyi]

အေမရိကန္အစိုးရရဲ႕ ပိတ္ပင္မႈေတြကို တရားေရးအရ ရင္ဆိုင္ဖို႔ျပင္ဆင္ေနတဲ့ Huawei အတြက္ ေနာက္ထပ္ ထိုးႏွကက္ခ်က္တစ္ခုက ဂ်ာမန္ေထာက္လွမ္းေရး ေအဂ်င္စီကေနတစ္ဆင့္ ထပ္မံထြက္ေပၚလာျပန္ပါတယ္။ Huawei ဟာ ႏိုင္ငံရဲ႕ 5G ကြန္ရက္ ျဖန႔္က်က္မႈအတြက္ ယုံၾကည္ရတဲ့ မိတ္ဖက္တစ္ခုမဟုတ္ဘူးလို႔ ဂ်ာမန္ေထာက္လွမ္းေရး ေအဂ်င္စီက ထုတ္ျပန္လိုက္တာပါ။

ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ တ႐ုတ္ရဲ႕ မ်က္ႏွာဖုံး နည္းပညာကုမၸဏီျဖစ္တဲ့ Huawei ကို အေမရိကန္က ထိုးႏွက္တိုက္ခိုက္ျခင္းက စတင္ခဲ့တဲ့ျဖစ္ရပ္ဟာ ဥေရာပႏိုင္ငံအေတာ္မ်ားမ်ားကိုလည္း ကူးစက္ေနၿပီျဖစ္ပါတယ္။ အေမရိကန္က ဖိအားေပးလို႔ ျဖစ္ရတယ္ဆိုၿပီး သုံးသပ္ႏိုင္ေပမယ့္ အျခားဥေရာပႏိုင္ငံေတြဟာ အေမရိကန္ရဲ႕ လက္ေအာက္ခံ ႏိုင္ငံေတြ မဟုတ္ၾကဘူးဆိုတာကိုလည္း ထည့္သြင္းစဥ္းစားဖို႔ လိုအပ္ပါလိမ့္မယ္။

ဂ်ာမန္ေထာက္လွမ္းေရး ေအဂ်င္စီဟာ အတိတ္ကာလတုန္းက လုံၿခဳံေရးနဲ႔သက္ဆိုင္တဲ့ ျဖစ္ရပ္ေတြေပၚအေျခခံၿပီး အခုလို ထုတ္ျပန္ခဲ့တာလို႔လည္း သိရပါတယ္။ ဒီလိုထုတ္ျပန္ေၾကညာတာဟာ ဂ်ာမနီက ပထမဦးဆုံးမဟုတ္ပါဘူး။ သိပ္မၾကာေသးခင္ကပဲ ေနာ္ေဝေထာက္လွမ္းေရးေတြက အလားတူထုတ္ျပန္ေၾကညာခဲ့ဖူးၿပီး ဒိန္းမတ္ႏိုင္ငံကလည္း သေဘာတူေၾကာင္း ေၾကညာခဲ့ဖူးပါတယ္။

အေမရိကန္နဲ႔ ဂ်ာမနီ ႏွစ္ႏိုင္ငံၾကား ေထာက္လွမ္းေရးဆိုင္ရာ ကိစၥရပ္မ်ားကို မွ်ေဝရာမွာ 5G ကြန္ရက္ေတြက အနာဂတ္မွာ ယုံၾကည္စိတ္ခ်ရဖြယ္မရွိဘူးလို႔ ဘာလင္မွာရွိတဲ့ အေမရိကန္သံ႐ုံးက သတိေပးခဲ့ၿပီးေနာက္ အခုလိုေၾကညာခ်က္လည္း ထြက္ေပၚလာခဲ့တာပါ။ အားလုံးစိုးရိမ္ေနၾကတဲ့ အခ်က္က Huawei ဟာ ဆက္သြယ္ေရးကြန္ရက္သုံး ပစၥည္းကိရိယာေတြကို အသုံးခ်ၿပီး တ႐ုတ္အစိုးရအတြက္ သတင္းအခ်က္အလက္ေတြ ရရွိေအာင္ ကူညီေပးေနမွာကိုပဲ ျဖစ္ပါတယ္။

Huawei ဟာ လက္ရွိအခ်ိန္အထိ လက္တြဲလုပ္ေဆာင္ေနတဲ့ အဓိက Carriers ႀကီးေပါင္း ၂၀ ေလာက္ရွိေနေသးတယ္ဆိုေပမယ့္ လက္ရွိျဖစ္ေပၚေနတဲ့ သံသယေတြေၾကာင့္ လုပ္ငန္းစဥ္ေတြကေတာ့ ေႏွာင့္ေႏွးေနရပါတယ္။ Huawei ကေတာ့ အေမရိကန္အစိုးရကို တရားစြဲထားမႈ ရႈံးနိမ့္ခဲ့ရင္ Android နဲ႔ windows ေတြအစား ကိုယ္ပိုင္ OS နဲ႔အစားထိုးသြားဖို႔ ျပင္ဆင္ေနေၾကာင္း ထုတ္ျပန္သြားခဲ့ပါတယ္။

Ref: GSMArena

[Unicode]

Huawei ဟာ ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းမိတ်ဖက်မဟုတ်ဘူးလို့ ဂျာမန်ထောက်လှမ်းရေး အေဂျင်စီ ထုတ်ပြန်

အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုတွေကို တရားရေးအရ ရင်ဆိုင်ဖို့ပြင်ဆင်နေတဲ့ Huawei အတွက် နောက်ထပ် ထိုးနှကက်ချက်တစ်ခုက ဂျာမန်ထောက်လှမ်းရေး အေဂျင်စီကနေတစ်ဆင့် ထပ်မံထွက်ပေါ်လာပြန်ပါတယ်။ Huawei ဟာ နိုင်ငံရဲ့ 5G ကွန်ရက် ဖြန့်ကျက်မှုအတွက် ယုံကြည်ရတဲ့ မိတ်ဖက်တစ်ခုမဟုတ်ဘူးလို့ ဂျာမန်ထောက်လှမ်းရေး အေဂျင်စီက ထုတ်ပြန်လိုက်တာပါ။

ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ရဲ့ မျက်နှာဖုံး နည်းပညာကုမ္ပဏီဖြစ်တဲ့ Huawei ကို အမေရိကန်က ထိုးနှက်တိုက်ခိုက်ခြင်းက စတင်ခဲ့တဲ့ဖြစ်ရပ်ဟာ ဥရောပနိုင်ငံအတော်များများကိုလည်း ကူးစက်နေပြီဖြစ်ပါတယ်။ အမေရိကန်က ဖိအားပေးလို့ ဖြစ်ရတယ်ဆိုပြီး သုံးသပ်နိုင်ပေမယ့် အခြားဥရောပနိုင်ငံတွေဟာ အမေရိကန်ရဲ့ လက်အောက်ခံ နိုင်ငံတွေ မဟုတ်ကြဘူးဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။

ဂျာမန်ထောက်လှမ်းရေး အေဂျင်စီဟာ အတိတ်ကာလတုန်းက လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ဖြစ်ရပ်တွေပေါ်အခြေခံပြီး အခုလို ထုတ်ပြန်ခဲ့တာလို့လည်း သိရပါတယ်။ ဒီလိုထုတ်ပြန်ကြေညာတာဟာ ဂျာမနီက ပထမဦးဆုံးမဟုတ်ပါဘူး။ သိပ်မကြာသေးခင်ကပဲ နော်ဝေထောက်လှမ်းရေးတွေက အလားတူထုတ်ပြန်ကြေညာခဲ့ဖူးပြီး ဒိန်းမတ်နိုင်ငံကလည်း သဘောတူကြောင်း ကြေညာခဲ့ဖူးပါတယ်။

အမေရိကန်နဲ့ ဂျာမနီ နှစ်နိုင်ငံကြား ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များကို မျှဝေရာမှာ 5G ကွန်ရက်တွေက အနာဂတ်မှာ ယုံကြည်စိတ်ချရဖွယ်မရှိဘူးလို့ ဘာလင်မှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးခဲ့ပြီးနောက် အခုလိုကြေညာချက်လည်း ထွက်ပေါ်လာခဲ့တာပါ။ အားလုံးစိုးရိမ်နေကြတဲ့ အချက်က Huawei ဟာ ဆက်သွယ်ရေးကွန်ရက်သုံး ပစ္စည်းကိရိယာတွေကို အသုံးချပြီး တရုတ်အစိုးရအတွက် သတင်းအချက်အလက်တွေ ရရှိအောင် ကူညီပေးနေမှာကိုပဲ ဖြစ်ပါတယ်။

Huawei ဟာ လက်ရှိအချိန်အထိ လက်တွဲလုပ်ဆောင်နေတဲ့ အဓိက Carriers ကြီးပေါင်း ၂၀ လောက်ရှိနေသေးတယ်ဆိုပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ သံသယတွေကြောင့် လုပ်ငန်းစဉ်တွေကတော့ နှောင့်နှေးနေရပါတယ်။ Huawei ကတော့ အမေရိကန်အစိုးရကို တရားစွဲထားမှု ရှုံးနိမ့်ခဲ့ရင် Android နဲ့ windows တွေအစား ကိုယ်ပိုင် OS နဲ့အစားထိုးသွားဖို့ ပြင်ဆင်နေကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

Ref: GSMArena