Gionee က ဒေဝါလီခံခဲ့ရတာကနေ ပြန်လည် ရုန်းထလာပြီး စမတ်ဖုန်း အသစ်တွေ ဆက်လက်ထုတ်လုပ်နေပါတယ်။ အခုလည်း တရုတ်မှာ တန်ဖိုးနည်း K6 ကို ကြေညာလိုက်ပြီး ၆.၂ လက်မ LCD HD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အရွယ်သေး Notch မှာ 13MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။

အနောက်ဘက်မှာ 16MP Main အပြင် အပို ကင်မရာ ၂ လုံး ပါလာပေမယ့် အဲဒီ ၂ လုံးရဲ့ MP ကို မသိရသေးပါဘူး။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး Helio P60 Chipset မောင်းနှင်ထားပါတယ်။ 6GB or 8GB RAM နဲ့ 128GB or 256GB Storage တွေ ရွေးချယ်နိုင်ပြီး ဘက်ထရီက 4,350mAh ဘက်ထရီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ထုတ် Android 7.1 Nougat ပဲ ထည့်ထားတာက လုံးဝ မမိုက်ပါဘူး။

Gionee K6 အတွက် အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး တရုတ်မှာ ရောင်းပေးနေပါပြီ။ တန်ဖိုးအနည်းဆုံး ဖြစ်တဲ့ 6/128GB Version ကို ၇၉၉ ယွမ် ၊ 8/128GB ကို ၈၉၉ ယွမ်နဲ့ 8/256GB ကို ၁,၀၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၅ သောင်း၊ ၁ သိန်း ၇ သောင်းနဲ့ ၂ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena