Oppo ဟာ ပြီးခဲ့တဲ့လက တရုတ်စျေးကွက်မှာ Reno4 စီးရီးသစ်ကို မိတ်ဆက်ခဲ့ပြီး ဂလိုဘယ်စျေးကွက်အတွက် နောက်ထပ်မော်ဒယ်နှစ်မျိုးကို ထပ်မံမိတ်ဆက်လာဦးမှာပါ။

လောလောဆယ် မိတ်ဆက်ရက်ကို အတည်မပြုရသေးပေမယ့် TUV Rheinland, Wi-Fi Alliance, Bluetooth SIG စတဲ့ အဖွဲ့အစည်းတွေဆီက အတည်ပြုချက်တွေ ရယူခဲ့တာကို တွေ့ရတာကြောင့် သိပ်မကြာခင် နိုင်ငံတကာစျေးကွက်မှာလည်း မြင်ရတော့မယ်လို့ ယူဆရပါတယ်။

Vanilla ဗားရှင်းကို မော်ဒယ်နံပါတ် CPH2089 နဲ့ တွေ့ရပြီး Pro ဗားရှင်းကတော့ CPH2091 နဲ့ဖြစ်ပါတယ်။ စာရင်းတွေမှာ ဖုန်းနှစ်လုံးစလုံးဟာ Dual-mode WiFi နဲ့ Bluetooth 5.1 တို့ပါဝင်ကာ ColorOS 7.2 နဲ့အသုံးပြုထားတာ တွေ့ရပါတယ်။ Reno4 စီးရီးဟာ တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ဗားရှင်းနဲ့ အများစုတူညီမှာဖြစ်ပေမယ့် Pro ဗားရှင်းရဲ့ Display ဟာ 90 ကနေ 120 Hz Refresh Rate ကို ခုန်တက်ဖို့ရှိပါတယ်။

Reno4 စီးရီးမှာ Snapdragon 765G ချစ်ပ်ဆက်ကို 12GB RAM မန်မိုရီနဲ့ တွဲဖက်ထားကာ 4,000 mAh ဘက္ထရီ ဖြစ်ပါတယ်။ နောက်ဘက်မှာ 48MP ဦးဆောင်တဲ့ Triple-camera နဲ့ ရှေ့ဘက်မှာ 32MP ဆဲလ်ဖီးကင်မရာတို့ ထည့်သွင်းထားတယ်။ နှစ်ခုလုံးမှာ AMOLED Display အသုံးပြုထားပြီး Vanilla ဗားရှင်းက 6.43” နဲ့ Pro မော်ဒယ်က 6.55” ဖြစ်ပါတယ်။

Ref – GSMArena