French National Commission on Informatics and Liberty (CNIL) ဟာ Alphabet ရဲ့ Google ကို ယူရို သန်း ၁၅၀ နဲ့ Meta ရဲ့ Facebook ကို ယူရို သန်း ၆၀ ဒဏ်ငွေ ရိုက်လိုက်ပါတယ်။ ဒီလို ဒဏ်ငွေရိုက်ရတဲ့ အကြောင်းအရင်းက ကုမ္ပဏီ ၂ ခုဟာ User တွေ အွန်လိုင်း Cookies တွေကို ငြင်းဆန်ဖို့ ခက်ခဲအောင် ပြုလုပ်ထားလို့ ဖြစ်ပါတယ်။

Google and Facebook fined in France for cookie breaches

Cookies တွေကို ခလုတ် ၁ ချက်ထဲနှိပ်ပြီး လက်ခံနိုင်သလို ငြင်းဆန်တာကိုလည်း လွယ်ကူအောင် ပြုလုပ်ပေးထားသင့်ပါတယ်လို့ CNIL ရဲ့ Data Protection and Sanctions အကြီးအကဲ Karin Kiefer က ပြောပါတယ်။

Facebook and Google fined by France over cookie opt-out breaches | Neowin

CNIL က Facebook.com , Google.fr နဲ့ Youtube.com တို့ဟာ Cookies တွေကို လွယ်ကူစွာ ငြင်းဆန်လို့ မရအောင် ပြုလုပ်ထားကြပါတယ်။ ကုမ္ပဏီ ၂ ခုဟာ ညွှန်ကြားချက်တွေကို ၃ လအတွင်း အကောင်အထည်ဖော်ပေးရမှာ ဖြစ်ပြီး Cookies တွေကို လွယ်ကူစွာ ငြင်းဆန်လို့ရအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလကျော်သွားရင် ၁ ရက်ကို ယူရို ၁၀၀,၀၀၀ ထပ်မံပေးဆောင်ရမှာ ဖြစ်ပါတယ်။

Facebook က ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှတုန့်ပြန်တာ မရှိသေးပေမယ့် Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က Google ဟာ အသုံးပြုသူတွေ ယုံကြည်မှုရှိအောင် ကာကွယ်ရမယ့် တာဝန်ကို နားလည်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

ဒါနဲ့ပါဆိုရင် Google ကို ပြင်သစ်က ဒဏ်ရိုက်တာ ၂ ကြိမ်ရှိပါပြီ။ ပထမ ၁ ကြိမ်က ၂၀၂၀ ခုနှစ်က ဖြစ်ပြီး Google ရဲ့ ပြင်သစ် Website ဟာ အသုံးပြုသူတွေကို အသိပေးခြင်း မရှိဘဲ ကွန်ပြူတာတွေမှာ ကြော်ငြာ Cookies တွေကို သိမ်းဆည်းထားလို့ ဖြစ်ပါတယ်။

Ref : gsmarena