Google က Android အတွက် လုပ်ဆောင်ချက် အသစ် ၆ ခုကို ကြေညာလိုက်ပါတယ်။ ပထမတစ်ခုကို ပြောရရင် Android Earthquake Alerts System ဖြစ်ပါတယ်။ အဲဒါကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးမှာ ဖြစ်ပြီး အခုဆိုရင် New Zealand ,  Greece , Philippines, Kazakhstan,  Kyrgyz Republic, Tajikistan, Turkmenistan, Uzbekistan နဲ့ Turkey တို့အတွက် ရရှိပြီ ဖြစ်ပါတယ်။ Google က ငလျင်လှုပ်မှုများတဲ့ နိုင်ငံတွေကို ဦးစားပေးပြီး ဒီလုပ်ဆောင်ချက်ကို ဖြန့်ချိပေးမယ်လို့ ပြောပါတယ်။ နိုင်ငံအများစုအတွက် နောက်နှစ်မှာ ရကြမှာပါ။

နောက်တစ်ခုက Message တွေကို လွယ်လွယ်ကူကူရှာနိုင်ဖို့ Messages App မှာ Message တစ်ခုကို Star ပြုလုပ်နိုင်တာပါ။ Message တစ်ခုကို ဖိထားပြီး Star ကို နှိပ်ရမှာပါ။ Starred Category မှာ အဲဒီ Message တွေကို ရှာဖွေနိုင်ပါတယ်။ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဒီလုပ်ဆောင်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမှာပါ။

Contextual Emoji Ktichen Suggestions ကို Gboard Beta မှာ ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး မကြာခင်မှာ Stable Version မှာ ရကြမှာပါ။ ဒီလုပ်ဆောင်ချက်က စာသားတွေရိုက်တဲ့အခါမှာ လိုက်ဖက်တဲ့ Emoji ကို ပြသပေးမှာပါ။ Google Assistant က App တွေထဲက သီးခြားနေရာတွေကို ခေါ်ဆောင်သွားပေးနိုင်ပါပြီ။ ဥပမာ အနေနဲ့ “hey Google pay my Capital One bill” လို့ ပြောလိုက်တာနဲ့ ငွေရှင်းတဲ့ နေရာကို ရောက်သွားမှာပါ။

Voice Access က ဖုန်းမျက်နှာပြင်ကိုစိုက်ကြည့်နေရင် App Navigation ကို အသံအမိန့်နဲ့ပြုလုပ်နိုင်သလို Password Field ကို ရောက်ရင် မြန်မြန်ဆန်ဆန် ဖြည့်သွင်းနိုင်အောင် ပြုလုပ်ပေးပါတယ်။ Android Auto ကိုလည်း အရင်ကထက် ပိုမို Customize ပြုလုပ်လာနိုင်ပါပြီ။ ဖုန်းကနေ Launcher Screen ကို စိတ်ကြိုက်သတ်မှတ်နိုင်လာပြီး Dark Mode ကို ကိုယ်တိုင် သတ်မှတ်နိုင်ပါတယ်။ Content တွေကို ရှာကြည့်တာလည်း ပိုမို လွယ်ကူလာပြီး Media Apps မှာ Tabs အသစ်တွေပါလာပါတယ်။ Scroll Bar မှာ A to Z Button တစ်ခု ထည့်ပေးထားပြီး Android Auto ကို ပထမဆုံး စသုံးရင်လည်း Process က ပိုမြန်လာပါတယ်။ EV Charging , Parking နဲ့ Navigation App တွေကို Android Auto မှာ သုံးနိုင်ပါပြီ။ Android Auto လုပ်ဆောင်ချက်တွေကို Android 6 နဲ့ သူ့အထက် ဖုန်းတွေမှာ သုံးနိုင်ပါတယ်။

Ref : gsmarena