Zawgyi
Ref – Phone Arena
Unicode
Google Assistant က အခုအချိန်မှာ အကောင်းဆုံးသော AI Assistant တစ်ုခဆိုရင်လည်းမမှားပါဘူး။ လက်ရှိ Android ဖုန်းတိုင်းလိုလိုမှာ အသုံးပြုလို့ရနေတာကလည်း အားသာချက်တစ်ခုလို့ ပြောလို့ရပါတယ်။
ဒါပေမယ့် ပုံမှန်ဆိုရင် Google Assistant ကို ကိုယ့်ဆီဝင်နေတဲ့ Messages တွေကို ဖတ်ခိုင်းမယ်ဆိုရင် SMS နဲ့ Hangouts App က Message တွေကိုပဲ ဖတ်ပြနိုင်ခဲ့တာပါ။ တခြားသော Third-party App တွေဖြစ်တဲ့ WhatsApp နဲ့ Telegram လို App တွေက Message တွေကိုတော့ ဖတ်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။
အခုအချိန်မှာတော့ Google ကနေ Assistant ကို Update အနည်းငယ်လုပ်ပေးတော့မှာဖြစ်ပြီးတော့ Third-party Messaging App တွေဖြစ်တဲ့ WhatsApp ၊ Telegram ၊ Slack ၊ Discord ၊ GroupMe နဲ့ တခြားသော App မျိုးစုံကနေ ဝင်ထားတဲ့ Messages တွေကို “Read my Messages” ဆိုပြီး ပြောလိုက်တာနဲ့ ဖတ်ပြပေးတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး ဖတ်ပြနိုင်ဖို့အတွက်တော့ Google App ကို Notification Access ပေးထားရမှာဖြစ်ပါတယ်။
ဒီလို Messages တွေကို ဖတ်ပြပေးမယ့်အပြင် Reply ပြန်ချင်တယ်ဆိုရင်လည်း စာရိုက်နေစရာမလိုဘဲ Assistant ကို စကားပြန်ပြောလိုက်ရုံနဲ့ အလိုအလျောက်စာရိုက်ပေးပြီး Reply ပြန်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဝင်ထားတဲ့ Message က Photo ဒါမှမဟုတ် Audio ဆိုရင်တော့ “The message just contains an audio/video attachment” ဆိုပြီးပဲ ပြောပြသွားမှာပါ။
Google ကတော့ လောလောဆယ်မှာ ဒီ Assistant Feature ကို Android Device တွေအတွက် ထုတ်ပေးပြီးထားပြီဆိုပေမယ့် တကယ်လို့ ကိုယ့် Device မှာ မရနိုင်သေးဘူးဆိုရင် အချိန်အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။
Ref – Phone Arena