Web Browser ကနေ အင်တာနက်ကို အသုံးပြုနေတယ်ဆိုရင် တခါတလေမှာ မလိုလားအပ်တဲ့ ကြော်ငြာတွေနဲ့ Spam Tabs တွေ တက်လာတာကို ကြုံဖူးကြမှာပါ။ အဲ့ဒီအချိန်မှာ တခါတလေ အဲ့ဒီလိုမျိုး Spam Tabs တွေကို ကြော်ငြာ Tabs တွေကို Block လုပ်နိုင်တဲ့ Ad Blocker တွေကို အသုံးပြုဖူးမှာပါ။

အဆိုပါ Ad Blocker တွေက အကုန်လုံးနီးပါးတကယ်အသုံးမဝင်ဘူးဆိုတာကတော့ လူအများစု သိကြမှာမဟုတ်ပါဘူး။ AdGuard ရဲ့ ထုတ်ပြန်ချက်အရ Google ရဲ့ Chrome Store မှာရှိတဲ့ Ad Blocker တွေက Fake Extensions တွေပဲဖြစ်ပြီးတော့ Browsing History ကိုပါ မှတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

AdGuard ရဲ့ ထုတ်ပြန်ချက်အရဆိုရင် လူပေါင်း သန်း ၂၀ ကျော်က အဆိုပါ Fake Ad Blocker တွေကို အသုံးပြုနေတုန်းဖြစ်ပြီးတော့ Google Chrome Web Store မှာရှိတဲ့ Ad Blocker အများစုက အတုတွေဖြစ်နေတုန်းပဲလို့ သိရပါတယ်။

အဲ့ဒီအတွက် AdGuard ကတော့ Ad Blocker လိုမျိုး App အသုံးပြုတော့မယ်ဆိုရင် ထုတ်လုပ်ထားတဲ့ Developer နာမည်ကိုပါ စစ်ဆေးဖို့ ပြောကြားခဲ့ပါတယ် ။