Google Chrome ဟာ အခုလက်ရှိအချိန်မှာ လူအသုံးပြုမှုအများဆုံး Web Browser တစ်ခုဖြစ်နေပြီးတော့ Feature အသစ်တွေလည်း အများအပြားပါဝင်လာပြီဖြစ်ပါတယ်။ အခုလည်း Microsoft ကနေ Windows 10 ပေါ်မှာ Google Chrome အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ Feature တစ်ခုကိုထည့်သွင်းပေးလိုက်ပါတယ်။

ဒါကတော့ Google Chrome ဟာ Windows Laptop တွေမှာ Windows Hello ကို စတင် Support ပြုလုပ်သွားတာပဲဖြစ်ပါတယ်။ Windows Hello ဆိုတာက လက်ရှိ Laptop တွေမှာပါဝင်တာများတဲ့ IR Face Unlock သို့မဟုတ် Fingerprint Unlock စနစ်ဖြစ်ပြီး Google Chrome ဟာ အဆိုပါ Windows Hello Feature ကို Payment Authentication ပိုင်းမှာ စတင်ပြီး Support ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် တကယ်လို့ Google Chrome Browser မှာ Payment Information တွေကို ထည့်သွင်းနေတယ်ဆိုရင် Security CVC Code ကို ရိုက်ထည့်မယ့်အစား Windows Hello ကို အသုံးပြုလိုက်ပြီး Confirm ပြုလုပ်နိုင်တော့မှာပါ။ ဒါက အချိန်အပြင် လုံခြုံရေးပိုင်းမှာလည်း သိသိသာသာကို ပိုပြီးကောင်းမွန်လာစေမှာဖြစ်ပါတယ်။

တကယ်လို့ Windows Hello Feature ပါဝင်တဲ့ Windows Laptop ကို အသုံးပြုနေပြီးတော့ ယခု Feature ကို အသုံးပြုချင်တယ်ဆိုရင် Google Chrome ရဲ့ Setting ထဲမှာရှိတဲ့ Payment Methods ထဲမှာ Windows Hello Feature ကို Enable ပြုလုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ Google Chrome Browser ကို Latest Version Update ပြုလုပ်ထားဖို့ လိုအပ်မှာပါ။

Ref – XDA-Developers