Google ဟာ လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ Chrome Version 110 ကို မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကနေ လက်ရှိ Chrome Version 109 ဟာ Windows 7 နဲ့ Windows 8.1 ကိုထောက်ပံ့ပေးနိုင်မယ့် နောက်ဆုံး Chrome Version ဖြစ်တယ်ဆိုပြီး တရားဝင်ပြောကြားလိုက်ပြီဖြစ်ပါတယ်။

Google ဟာ Chrome Version အနိမ့်တွေအတွက် ထောက်ပံ့ပေးနေမှုကိုလည်း လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ရပ်ဆိုင်းသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Chrome Version 110 ဟာ အနိမ့်ဆုံး Windows 10 OS ကို သုံးနေမှ Update ပြုလုပ်အသုံးပြုနိုင်မှာဖြစ်ပြီး တခြား Windows 7 နဲ့ Windows 8.1 အသုံးပြုနေတဲ့သူတွေအနေနဲ့ Update ပြုလုပ်နိုင်မှာမဟုတ်တော့ပါဘူး။

ဒါ့အပြင် Google ရဲ့ပြောကြားချက်အရ Windows 7 နဲ့ 8.1 အသုံးပြုသူတွေဟာ Chrome Browser ကို Version အနိမ့်တွေဆက်လက်အသုံးပြုနိုင်မှာဖြစ်ပေမယ့် Security Fix တွေအပြင် တခြားသော Software Support တွေရရှိတော့မှာမဟုတ်တော့ပါဘူး။ ဒါကြောင့် Google ကတော့ Chrome ကို အကောင်းဆုံးအသုံးပြုဖို့အတွက် အနိမ့်ဆုံး Windows 10 ကို Update ပြုလုပ်သွားဖို့ အကြံပြုထားပါတယ်။

Google လိုမျိုးပဲ Microsoft ကလည်း လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့ကစတင်ပြီး Widows 7 ESU အပြင် Windows 8.1 Extended Support တွေကို ရပ်ဆိုင်းသွားတော့မှာဖြစ်တယ်လို့သိရပါတယ်။

Ref – India Today