Apple Device အချင်းချင်း File Transfer ပြုလုပ်နိုင်တဲ့ AirDrop Feature ဟာ လက်ရှိအချိန်မှာ အကောင်းဆုံး Multiple Device File Transfer Feature လို့တောင် ပြောနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ Android စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ OPPO ၊ Vivo နဲ့ Xiaomi လိုမျိုး ကုမ္ပဏီတွေက အလားတူ Cross-platform File Transfer Service ကို စတင်ဆောင်ရွက်နေပြီဖြစ်သလို Google ကနေလည်း Nearby Sharing ဆိုပြီး Feature အသစ်ကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

အစောပိုင်းတုန်းက Google ရဲ့ Nearby Sharing Feature ဟာ Leak သတင်းတွေပဲထွက်ရှိခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ Google ကနေ တရားဝင်အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ အဆိုပါ Nearby Sharing Feature ကိုလက်ရှိ Android 11 Beta အသုံးပြုသူအချို့ဆီမှာ စမ်းသပ်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါပေမယ့်လည်း ယခုစမ်းသပ်နေမှုဟာ အလွန်သေးငယ်နေတဲ့အတွက် Google Play Services ကိုပါ Beta အနေနဲ့ Sign-in ဝင်ရောက်ထားမယ်ဆိုရင်တောင် အသုံးပြုနိုင်ဖို့မသေချာသေးဘူးဖြစ်ပါတယ်။ Google အနေနဲ့ ဘယ်အချိန်မှာ တရားဝင် Stable Update ထုတ်ပေးသွားမယ်ဆိုတာကို မပြောကြားခဲ့ပေမယ့် Android 6.0+ ဖုန်းတွေနဲ့ တခြားသော OS အသုံးပြုနေတဲ့ Device တွေမှာပါ အသုံးပြုနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီအတွက် ယခင်တုန်းကသတင်းတွေထွက်ရှိခဲ့သလိုမျိုးပဲ Google ရဲ့ Nearby Sharing Feature ဟာ Android ဖုန်းအချင်းချင်း File Transfer ပြုလုပ်နိုင်ရုံတင်မဟုတ်ဘဲ Windows ၊ macOS နဲ့ Chrome OS တွေမှာပါ အသုံးပြုနိုင်မယ်ဆိုတာ သေချာသလောက်ဖြစ်နေပါပြီ။

ဘာပဲဖြစ်ဖြစ် Apple AirDrop ကို ယှဥ်ပြိုင်နိုင်မယ့် File Transfer Service အသစ်ကို မကြာခင်မှာ မြင်တွေ့ရတော့မှာပါ။

Ref – 9to5Google