Google ကနေ ပြီးခဲ့တဲ့ဇွန်လကတည်းက Android 11 Beta Update ကို Pixel စမတ်ဖုန်းတွေအတွက် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Android 11 ရဲ့ နောက်ဆုံး Beta လို့ ပြောရမယ့် Beta 3 Update ကိုပါ တရားဝင် Update ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Android 11 Beta 3 Update ဟာ လောလောဆယ်မှာတော့ Google Pixel Series စမတ်ဖုန်းတွေမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ နောက်ဆုံး Beta Version ဖြစ်တဲ့အတွက် Feature အသစ်တွေပါဝင်မှုနည်းပါးနေပြီးတော့ Stable ပိုဖြစ်လာမှာပါ။

Android 11 Beta Version ကို အသုံးပြုချင်တယ်ဆိုရင်တော့ “developer.android.com/android11” မှာ “Get the Beta ” ဆိုတဲ့ Button ကို နှိပ်ပြီး ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အခု Beta 3 ရရှိဖို့အတွက်ကတော့ Google Pixel စမတ်ဖုန်းတွေရှိနေဖို့ လိုအပ်မယ်လို့ သိရပါတယ်။

တကယ်လို့ Beta Version ကို အသုံးမပြုချင်ဘူးဆိုရင်လည်း Google ကနေ လာမယ့်စက်တင်ဘာလ ၈ ရက်နေ့မှာ Android 11 Stable Update ကို ထုတ်ပေးသွားဖို့များနေတဲ့အတွက် စောင့်ဆိုင်းဖို့ လိုဦးမှာပါ။ ယခုနှစ်မှာတော့ Android 11 ကို အခြေခံထားတဲ့ OxygenOS 11 Update ကိုပါ OnePlus ကနေ မိတ်ဆက်ဖို့ပြင်ဆင်နေတဲ့အတွက် Pixel ဖုန်းတွေပြီးရင် OnePlus ဖုန်းတွေက အစောဆုံး Android 11 Stable Update ကို ရရှိလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Android 11 OS Update ဟာ Notification ပိုင်းမှာလည်း ပြောင်းလဲမှုတွေပြုလုပ်ထားသလို Messaging App တွေအကုန်လုံးကို Messenger Chat Head ပုံစံပြောင်းလဲနိုင်တဲ့ Bubbles Feature လည်းအသစ်ပါဝင်လာမှာဖြစ်ပါတယ်။

Ref – Phone Arena