Zawgyi

Google ဟာ ယေန႔မွာ လာမယ့္ Android စနစ္ကို မိတ္ဆက္ခဲ့ၿပီး မထင္မွတ္ထားစရာအျဖစ္ Android 10 လို႔ေခၚဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ Android OS ဟာ စထြက္လာထဲက သူတုိ႔ရဲ႕နံပါတ္အစဥ္ထက္ စားစရာ အမည္ေတြကို အဂၤလိပ္အကၡရာအတုိင္း အစဥ္လုိက္ေခၚလာတာကို လူေတြက ပိုၿပီးခုံမင္ေနခဲ့ၾကတာပါ။

အခုလည္း Android 9 Pie ၿပီးသြားေတာ့ ေနာက္လာမယ့္ Android Q လို႔ တစ္ႏွစ္လုံး သုံးစြဲေခၚေဝၚခဲ့ၿပီးမွ ရုတ္တရက္ႀကီး ကုမၸဏီမွ အမည္ေျပာင္းေၾကာင္းေၾကညာခဲ့ကာ Android လုိဂုိနဲ႔ လာဘ္ေကာင္ပုံတုိ႔ကိုလည္း ဒီဇုိင္းေျပာင္းလဲလာခဲ့ပါတယ္။

Android ဆုိတဲ့အမည္နဲ႔လုိက္ဖက္တဲ့ အစိမ္းေရာင္စက္ရုပ္ေလးဟာ ပထမဆုံးစတင္ထြက္ရွိထဲက ကုမၸဏီရဲ႕ လာဘ္ေကာင္အျဖစ္ သုံးစြဲလာခဲ့တာပါ။ ႏွစ္မ်ားစြာအတြင္းမွာ စက္ရုပ္ေလးဟာ အဝါဘက္ေျပးတဲ့ အစိမ္းေရာင္မွ လီမြန္အစိမ္းေရာင္၊ အခုေနာက္ဆုံး အျပာေရာင္အနည္းငယ္ေျပးတဲ့ အစိမ္းေရာင္အျဖစ္ ေျပာင္းလဲလာျပန္ပါတယ္။

Google ကေတာ့ သူတုိ႔လုိဂုိရဲ႕အေရာင္ကိုေျပာင္းတာဟာ ကုမၸဏီရဲ႕ ေပၚလစီျဖစ္တဲ့ လူေတြပိုၿပီး လြယ္ကူစြာ သုံးစြဲႏုိင္ေရးအတြက္ျဖစ္တယ္လို႔ ဆုိပါတယ္။ အရင္က သုံးခဲ့တဲ့ အစိမ္းေရာင္ဟာ ကာလာဘလိုင္း ျဖစ္သူေတြအတြက္ အဆင္မေျပဘဲ အစိမ္းနဲ႔ အနီအေရာင္ေတြဟာ ေတြ႕ရတတ္တဲ့အထဲမွာ အမ်ားဆုံး ကာလာဘလိုင္းအေရအတြက္ျဖစ္လို႔ပါ။ အခုလို အျပာေရာင္ျဖည့္လိုက္တဲ့အတြက္ သူတုိ႔အေနနဲ႔ ပိုၿပီး အဆင္ေျပေျပျမင္ႏုိင္ေတာ့မွာျဖစ္ပါတယ္။

Android ရုိေဘာ့ေလးရဲ႕ လုိဂုိပုံကလည္း ေျပာင္းသြားပါၿပီ။ စာသား သို႔မဟုတ္ Wordmark ကို Font ေျပာင္းလဲထားၿပီး ရုိေဘာ့နဲ႔ ကိုက္ညီေအာင္ ပိုလုံးဝန္းထားတယ္လို႔ေတာ့ ေျပာပါတယ္။ Android စက္ရုပ္ရဲ႕ ေခါင္းကလည္း စာသားတံဆိပ္ထဲမွာ ပါဝင္သြားၿပီျဖစ္ကာ စာသားၿပီးတဲ့ေနာက္ တစ္ဆက္တည္း မထည့္ရင္၊ စာသားရဲ႕အေပၚမွာ စက္ရုပ္ေခါင္းေလးကို ျမင္ရမွာပါ။

လက္ရွိဟန္းဆက္ေတြမွာ Android 9 Pie ကို ခုံမင္စြာအသုံးျပဳေနၾကဆဲျဖစ္ၿပီး Android 10 ကေတာ့ အခုႏွစ္ေႏွာင္းပိုင္းမွာ မိတ္ဆက္လာမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Google ဟာ ယနေ့မှာ လာမယ့် Android စနစ်ကို မိတ်ဆက်ခဲ့ပြီး မထင်မှတ်ထားစရာအဖြစ် Android 10 လို့ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Android OS ဟာ စထွက်လာထဲက သူတို့ရဲ့နံပါတ်အစဉ်ထက် စားစရာ အမည်တွေကို အင်္ဂလိပ်အက္ခရာအတိုင်း အစဉ်လိုက်ခေါ်လာတာကို လူတွေက ပိုပြီးခုံမင်နေခဲ့ကြတာပါ။

အခုလည်း Android 9 Pie ပြီးသွားတော့ နောက်လာမယ့် Android Q လို့ တစ်နှစ်လုံး သုံးစွဲခေါ်ဝေါ်ခဲ့ပြီးမှ ရုတ်တရက်ကြီး ကုမ္ပဏီမှ အမည်ပြောင်းကြောင်းကြေညာခဲ့ကာ Android လိုဂိုနဲ့ လာဘ်ကောင်ပုံတို့ကိုလည်း ဒီဇိုင်းပြောင်းလဲလာခဲ့ပါတယ်။

Android ဆိုတဲ့အမည်နဲ့လိုက်ဖက်တဲ့ အစိမ်းရောင်စက်ရုပ်လေးဟာ ပထမဆုံးစတင်ထွက်ရှိထဲက ကုမ္ပဏီရဲ့ လာဘ်ကောင်အဖြစ် သုံးစွဲလာခဲ့တာပါ။ နှစ်များစွာအတွင်းမှာ စက်ရုပ်လေးဟာ အဝါဘက်ပြေးတဲ့ အစိမ်းရောင်မှ လီမွန်အစိမ်းရောင်၊ အခုနောက်ဆုံး အပြာရောင်အနည်းငယ်ပြေးတဲ့ အစိမ်းရောင်အဖြစ် ပြောင်းလဲလာပြန်ပါတယ်။

Google ကတော့ သူတို့လိုဂိုရဲ့အရောင်ကိုပြောင်းတာဟာ ကုမ္ပဏီရဲ့ ပေါ်လစီဖြစ်တဲ့ လူတွေပိုပြီး လွယ်ကူစွာ သုံးစွဲနိုင်ရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ အရင်က သုံးခဲ့တဲ့ အစိမ်းရောင်ဟာ ကာလာဘလိုင်း ဖြစ်သူတွေအတွက် အဆင်မပြေဘဲ အစိမ်းနဲ့ အနီအရောင်တွေဟာ တွေ့ရတတ်တဲ့အထဲမှာ အများဆုံး ကာလာဘလိုင်းအရေအတွက်ဖြစ်လို့ပါ။ အခုလို အပြာရောင်ဖြည့်လိုက်တဲ့အတွက် သူတို့အနေနဲ့ ပိုပြီး အဆင်ပြေပြေမြင်နိုင်တော့မှာဖြစ်ပါတယ်။

Android ရိုဘော့လေးရဲ့ လိုဂိုပုံကလည်း ပြောင်းသွားပါပြီ။ စာသား သို့မဟုတ် Wordmark ကို Font ပြောင်းလဲထားပြီး ရိုဘော့နဲ့ ကိုက်ညီအောင် ပိုလုံးဝန်းထားတယ်လို့တော့ ပြောပါတယ်။ Android စက်ရုပ်ရဲ့ ခေါင်းကလည်း စာသားတံဆိပ်ထဲမှာ ပါဝင်သွားပြီဖြစ်ကာ စာသားပြီးတဲ့နောက် တစ်ဆက်တည်း မထည့်ရင်၊ စာသားရဲ့အပေါ်မှာ စက်ရုပ်ခေါင်းလေးကို မြင်ရမှာပါ။

လက်ရှိဟန်းဆက်တွေမှာ Android 9 Pie ကို ခုံမင်စွာအသုံးပြုနေကြဆဲဖြစ်ပြီး Android 10 ကတော့ အခုနှစ်နှောင်းပိုင်းမှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။

Ref – GSM Arena