Google ဟာ အခုနောက်ပိုင်းမှာ Video Conferencing Service တွေဖြစ်တဲ့ Google Meet နဲ့ Zoom လိုမျိုး Service တွေကို Google ရဲ့ App တွေနဲ့ Service အများအပြားမှာ အလွယ်တကူအသုံးနိုင်အောင် Update ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

မကြာသေးခင်တုန်းကလည်း Google Assistant Display တွေမှာ Zoom ကို Support ရရှိလာသလို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Chromecast မှာပါ Google Meet ကို Support ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အခုလည်း Google ကနေ Android TV တွေမှာ Video Calling Service တစ်ခုဖြစ်တဲ့ Google Duo ကို Update ထုတ်ပေးသွားဦးမယ်လို့ ကြေညာလိုက်ပါပြီ။

Google ရဲ့ပြောကြားချက်အရတော့ Google Duo Update ဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ Android TV အတွက် Software Update အနေနဲ့ရရှိမှာဖြစ်ပါတယ်။ Google ကတော့ Android TV မှာ Webcam ပါဝင်မယ်ဆိုရင် တန်းပြီးအသုံးပြုနိုင်မှာဖြစ်သလို မပါရင်လည်း နှစ်သက်ရာ USB Webcam ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Google Duo ကို Nest Hub ၊ Nest Hub Max နဲ့တခြားသော Google Software တွေမှာပါ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Google ကနေ Google Duo ကို Meet အနေနဲ့ ပြောင်းလဲသွားမယ်လို့ သတင်းထွက်ထားတဲ့အတွက် နောက်ပိုင်းမှာ လူသုံးများတဲ့ Video Calling Service တစ်ခုဖြစ်တဲ့ Google Duo က ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – The Verge