G Suite လို့ပြောလိုက်တာနဲ့ Gmail, Drive, Calendar, Hangouts, Docs, နဲ့ အခြား productivity-focused apps တွေကို မြင်ယောင်မိမယ်ထင်ပါတယ်။ ဒီနေ့ခေတ်မှာ ရုံးဝန်ထမ်းနဲ့ ကျောင်းသားအများစုဟာ Google ရဲ့ Apps တွေကို အတော်လေး သုံးစွဲနေကြပြီလို့လည်း ယူဆရပါတယ်။

အခုတော့ Google ရဲ့ G Suite ဟာ လစဉ်အသုံးပြုသူဦးရေ ၂ ဘီလီယံ ကျော်သွားပြီလို့ သိရပါတယ်။ ဒီသတင်းကို G Suite ဌာနခွဲ ရဲ့ Head ဖြစ်တဲ့ Javier Soltero က ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတည်းက Soltero က ၂၀၁၉ ကုန်ဆုံးသွားချိန်မှာ လစဉ်သုံးစွဲသူဦးရေ ၂ ဘီလီယံ အထိ ရှိနိုင်ကြောင်း ကြေညာခဲ့ဖူးပါသေးတယ်။

Soltero က သူတို့အနေနဲ့ သီးခြားစီဖြစ်နေတဲ့ App တွေကို တစ်စုတစည်းတည်းဖြစ်အောင် ပေါင်းစည်းလိုက်ဖို့ စီစဉ်နေတယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ဒါကြောင့် Google အနေနဲ့ Gmail, Drive နဲ့ Hangouts တို့ကို App တစ်ခုတည်းအနေနဲ့ ပေါင်းစည်းပစ်လိုက်မယ်လို့လည်း ခန့်မှန်းသတင်းတွေ ထွက်ခဲ့ဖူးတာပါ။

ဒါ့အပြင် G Suite team ဟာ App တွေ ပိုပြီးကောင်းမွန်လာစေဖို့ AI နဲ့ Machine learning လုပ်ငန်းတွေကို ဆက်ပြီးလုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။ Gmail မှာ သုံးထားတဲ့ Predictive engine (Smart Compose လို့ခေါ်တဲ့ ကြိုတင်ခန့်မှန်းတဲ့ လုပ်ဆောင်ချက်) ကို Google Docs နဲ့ G Suit app တွေမှာလည်း ထည့်သွင်းအသုံးပြုတော့မယ်လို့လည်း အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

Ref: GSM Arena