Google က Bard AI ကို ဆန်းသစ်ထားတဲ့ Gemini Mobile App ကို လက်တင် အမေရိက၊ အာဖရိက၊ အာရှ ပစိဖိတ်နဲ့ ကနေဒါ အပါအဝင် နိုင်ငံများစွာအတွက် တိုးချဲ့ဖြန့်ချိပေးလိုက်ပါတယ်။ ဒီသတင်းကို Gemini ထုတ်ကုန် အကြီးအကဲ Jack Krawczyk က အတည်ပြုလိုက်တာ ဖြစ်ပြီး သူက Google ဟာ Gemini Mobile App ကို တတ်နိုင်သလောက် စောစီးစွာ ဥရောပမှာ ဖြန့်ချိပေးဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ Gemini ဟာ Google ရဲ့ AI Assistant ဖြစ်ပါတယ်။

Android Users Facing Issues With Gemini, Company Working On A Fix | Technology & Science News, Times Now

မရသေးတဲ့ နိုင်ငံတွေကနေ Gemini ကို စမ်းသုံးချင်သူတွေဟာ သင့် Android Device မှာ Gemini App ကို Sideload လုပ်နိုင်ပါတယ်။ Gemini ဟာ ဥရောပမှာလို အလုပ်လုပ်မယ်ဆိုတာ သေချာပြီး Google Assistant ဘာသာစကားကို US English ကို ပြောင်းသွားမှာ ဖြစ်ပါတယ်။ Gemini ကို အင်စတောလုပ်ပြီး Set Up လုပ်လိုက်တာနဲ့ သင့်ရဲ့ Google Assistant ကို အစားထိုးလိုက်မှာ ဖြစ်ပါတယ်။

Google Bard rebrands as 'Gemini' with new Android app and Advanced model | VentureBeat

ထူးဆန်းတာက Gemini ဟာ Alarm နဲ့ Reminder တွေ သတ်မှတ်တာ၊ App တွေကို ဖွင့်တာနဲ့ စမတ် နေအိမ် Device Control တွေကို ထိန်းချုပ်တာ တို့လို Google Assistant မှာပါတဲ့ အခြေခံ အလုပ်တွေကို မလုပ်ပေးနိုင်ပါဘူး။ Google ဟာ Gemini ကို စမ်းသပ်တီထွင်နေဆဲ အဆင့်မှာပဲ ရှိသေးတယ်ဆိုတာ ပြသနေပြီး Google က လုပ်ဆောင်ချက်တွေ ပိုမို ထည့်သွင်းပေးဖို့နဲ့ Bugs တွေ ပြင်ဆင်ပေးဖို့ ကြိုးစားနေတယ်လို့ အတည်ပြုထားပါတယ်။

Ref : gsmarena