[Zawgyi]

TikTok ဟာ ျမဴးႂကြတဲ့သီခ်င္းေလးေတြနဲ႔အတူ ၁၅စကၠန႔္စာ ဗီဒီယိုဖိုင္ေတြကို ျပဳလုပ္ႏိုင္တဲ့ Social media platform တစ္ခုျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာစတင္ေအာင္ျမင္ခဲ့ၿပီး ကမာၻအႏွံ႔အျပားက လူငယ္ေတြၾကားမွာလည္း ေအာင္ျမင္မႈ အႀကီးအက်ယ္ရခဲ့တာ ျဖစ္ပါတယ္။

TikTok ေအာင္ျမင္လာၿပီးတဲ့ေနာက္ လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလေလာက္မွာ Facebook ကလည္း Lasso အမည္ရွိတဲ့ App တစ္ခုကို ျဖန႔္ခ်ိခဲ့ပါေသးတယ္။ အလားတူပဲ ၂၀၁၈ ဒီဇင္ဘာလကုန္ပိုင္းေလာက္မွာ Snapchat ကလည္း TikTok နဲ႔ အၿပိဳင္ျဖစ္လာႏိုင္ေျခရွိတဲ့ Lens Challenges ကို ျပဳလုပ္ခဲ့ပါေသးတယ္။

အခုေတာ့ TikTok နဲ႔အၿပိဳင္က်ဲဖို႔အတြက္ Google ကလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ The Wall Street Journal ရဲ႕ ေဖာ္ျပမႈအရ Google ဟာ Loop Now Technologies ရဲ႕ Firework အမည္နဲ႔ Video-sharing App အေၾကာင္းကို ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ ဒါဟာ TikTok ကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ ဦးတည္တာလို႔လည္း သုံးသပ္ၾကပါတယ္။

Firework ကေတာ့ ၃၀ စကၠန႔္စာဗီဒီယိုေတြ ဖန္တီးႏိုင္မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလ ေနာက္ဆုံးပတ္ေလာက္က အိႏၵိယမွာ ျဖန႔္ခ်ိခဲ့ပါတယ္။ Firework ရဲ႕ လက္ရွိတန္ေၾကးဟာ ေဒၚလာ သန္း ၁၀၀ ရွိၿပီး ကုမၸဏီႏွစ္ခုကေတာ့ ေဈးႏႈန္းညႇိႏႈိင္းဖို႔အတြက္ ေဆာင္႐ြက္ေနၾကတယ္လို႔ သိရပါတယ္။

Ref: 9To5Google

[Unicode]

TikTok ကို ယှဉ်ပြိုင်ဖို့ Firework ကို စိတ်ဝင်စားနေတဲ့ Google

TikTok ဟာ မြူးကြွတဲ့သီချင်းလေးတွေနဲ့အတူ ၁၅စက္ကန့်စာ ဗီဒီယိုဖိုင်တွေကို ပြုလုပ်နိုင်တဲ့ Social media platform တစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာစတင်အောင်မြင်ခဲ့ပြီး ကမ္ဘာအနှံ့အပြားက လူငယ်တွေကြားမှာလည်း အောင်မြင်မှု အကြီးအကျယ်ရခဲ့တာ ဖြစ်ပါတယ်။

TikTok အောင်မြင်လာပြီးတဲ့နောက် လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလလောက်မှာ Facebook ကလည်း Lasso အမည်ရှိတဲ့ App တစ်ခုကို ဖြန့်ချိခဲ့ပါသေးတယ်။ အလားတူပဲ ၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ Snapchat ကလည်း TikTok နဲ့ အပြိုင်ဖြစ်လာနိုင်ခြေရှိတဲ့ Lens Challenges ကို ပြုလုပ်ခဲ့ပါသေးတယ်။

အခုတော့ TikTok နဲ့အပြိုင်ကျဲဖို့အတွက် Google ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ The Wall Street Journal ရဲ့ ဖော်ပြမှုအရ Google ဟာ Loop Now Technologies ရဲ့ Firework အမည်နဲ့ Video-sharing App အကြောင်းကို ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါဟာ TikTok ကို ယှဉ်ပြိုင်နိုင်ဖို့ ဦးတည်တာလို့လည်း သုံးသပ်ကြပါတယ်။

Firework ကတော့ ၃၀ စက္ကန့်စာဗီဒီယိုတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်လောက်က အိန္ဒိယမှာ ဖြန့်ချိခဲ့ပါတယ်။ Firework ရဲ့ လက်ရှိတန်ကြေးဟာ ဒေါ်လာ သန်း ၁၀၀ ရှိပြီး ကုမ္ပဏီနှစ်ခုကတော့ ဈေးနှုန်းညှိနှိုင်းဖို့အတွက် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

Ref: 9To5Google