မကြာသေးမီနှစ်တွေအတွင်းက Google ဟာ Augmented reality hardware လျှို့ဝှက်ချက်ကို နာမည်ဆိုးနဲ့အတူ သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံးဝရပ်တန့်သွားတာမဟုတ်ဘဲ နောက်ထပ်ခြေလှမ်းသစ်အတွက် အရှိန်ယူနေတယ်ဆိုတာကို သိလာရပါပြီ။

လွန်ခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာတဲ့သတင်းအရဆိုရင်တော့ Google ဟာ စမတ်မျက်မှန်ဇာတ်လမ်းကို တစ်ကျော့ပြန်စနေကြောင်း သိရပါတယ်။ AR hardware ကိုလုပ်ဆောင်နေတဲ့ နည်းပညာကုမ္ပဏီကြီးတွေအကြောင်းဖော်ပြရာမှာ “Google ဟာ ပရောဂျက်အသစ်တစ်ခုကို ပျိုးထောင်နေတယ်” လို့ New York Times က အတိအလင်း ရေ:သားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးပရောဂျက်ရလဒ်ဟာ ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားကဝယ်ယူမှုရဲ့ ရလဒ်ဖြစ်နိုင်ကြောင်း Times က ခန့်မှန်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီက မှတ်ချက်တစ်စုံတစ်ရာပေးဖို့ငြင်းဆန်ခဲ့တာကြောင့် အသေးစိတ်အချက်အလက်အဖြစ်လည်း မသိရသေးတဲ့ အခြေအနေဖြစ်လာပါတယ်။

ဒီအတွက်ကြောင့် Google အနေနဲ့ Stopgap headset ကို ထုတ်ပေးဖို့ အစီအစဉ်၊ ဒါမှမဟုတ် Smart glasses ပုံစံအချက်ပေါ် လုံးလုံးလျားလျားအာရုံစိုက်ထားခြင်း ရှိမရှိ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးတာပဲ ဖြစ်ပါတယ်။ လာမဲ့နှစ်မှာတော့ Apple ရဲ့ Mixed reality headset ကို တွေ့မြင်ရမယ်လို့ ကောလာဟလထွက်နေပါတယ်။

ဒါဟာ Virtual reality အပြင် AR ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုနိုင်တဲ့ Mixed reality headset ဖြစ်ပြီး အသုံးပြုသူတွေဟာ တိုက်ရိုက်မဟုတ်ဘဲ ကင်မရာကိုအသုံးပြုပြီး Video feed ကတစ်ဆင့် လက်တွေ့ကမ္ဘာကို ကြည့်ရှုနိုင်မဲ့နည်းလမ်းလို့ သိရပါတယ်။ Meta ကလည်း ၂၀၂၂ ခုနှစ်အတွက် Project Cambria မှာ အလားတူလုပ်ဆောင်မှုတွေ ပြုလုပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လမှာ Google က North ကို ဝယ်ယူတဲ့အခါ ကနေဒီယန်ကုမ္ပဏီဟာ Focals 1.0 ကို ရောင်းချခြင်းမပြုတော့သလို Focals 2.0 ကိုလည်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စတင်တည်ထောင်ချိန်က ခေါင်းဆောင်တွေနဲ့ အင်ဂျင်နီယာတွေဟာ အခုအချိန်မှာ Pixel, Nest နဲ့ အခြား Hardware တွေရဲ့ Devices & Services ဌာနခွဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပါပြီ။

Google Labs အပါအဝင် Public-facing development ရဲ့ မကြာသေးခင်က အစီရင်ခံစာအရ Google ရဲ့ AR အဖွဲ့ဟာ “၂၀၁၉ ခုနှစ်အလယ်ပိုင်းအထိ အဆင့်မြင့် AR glasses တွေနဲ့ပတ်သက်ပြီး လုပ်ကိုင်ခြင်းမရှိ” လို့ သိရပါတယ်။ အဆိုပါနှစ်အစောပိုင်းတုန်းကတော့ I/O ဦးဆောင်သူ Clay Bavor က ကုမ္ပဏီဟာ “နက်နဲတဲ့ R&D” ကို အာရုံစိုက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: 9To5Google