Zawgyi





Ref – The Verge

Unicode

Google ကနေ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက Google Chrome Browser ကနေ Web ကို အသုံးပြုပြီးတော့ Internet Connection မရှိတဲ့ Printer တွေမှာတောင် အလွယ်တကူ Print ထုတ်နိုင်တဲ့ Cloud Print Feature ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Feature ဟာ အသုံးပြုတဲ့သူတွေအတွက် အဆင်ပြေတဲ့ Feature တစ်ခုဖြစ်ပေမယ့်လည်း အခုအချိန်မှာတော့ Google ကနေ ပိတ်သိမ်းတော့မယ်ဆိုပြီး ကြေညာလိုက်ပါပြီ။

Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Cloud Print Feature ဟာ လာမယ့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ စတင်ပြီးတော့ ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ ထူးဆန်းတာက ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ထဲက မိတ်ဆက်ခဲ့တဲ့ Feature တစ်ခုဖြစ်ပေမယ့်လည်း Cloud Print က Beta အနေနဲ့ပဲ သတ်မှတ်ခံထားရဆဲဖြစ်ပါတယ်။

Google ကတော့ Chrome OS မှာ ပါဝင်တဲ့ Printing Service ဒါမှမဟုတ် တခြားသော Windows ၊ macOS တွေမှာပါဝင်တဲ့ သက်ဆိုင်ရာ Printing Service ကိုပဲ ပြောင်းလဲအသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ အခုလိုမျိုး ပိတ်သိမ်းမှုကို အသုံးပြုသူတော်တော်များများကလည်း ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။

Google ကတော့ အခုလိုမျိုး Cloud Print ကိုဘာကြောင့် ပိတ်သိမ်းတယ်ဆိုတာကို တရားဝင်ထုတ်ပြန်ပြောကြားခဲ့ချင်းမရှိသေးပေမယ့် ၁ နှစ်ကျော် ကြိုတင်အသိပေးတာကတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ Google ကနေ ဒီလိုမျိုး ပိတ်သိမ်းခဲ့တဲ့ App တွေနဲ့ Service တွေကိုတော့ ဒီ Google Graveyard Website မှာ ကြည့်ရှုနိုင်မှာပါ။

Ref – The Verge