Unicode

Google ရဲ့ Chrome OS ဟာ လက်ရှိအသုံးပြုသူအများဆုံး Operating System တွေဖြစ်တဲ့ Windows OS, macOS တွေနဲ့ ယှဥ်ရင် Powerful မဖြစ်သေးဘူးလို့ ပြောနိုင်ပါတယ်။ ဒါကလလည်း Chrome OS ကိုယ်တိုင်က Web OS အပေါ်ကို အခြေခံပြီးတော့ သာမန် Web Browsing နဲ့ Light Usage အတွက် အဓိကရည်ရွယ်ထားတာကြောင့်ပါ။

ဒါပေမယ့် နောက်ဆုံး Google Chrome OS ရဲ့ Product Management Director ဖြစ်တဲ့ Kan Liu ရဲ့ ပြောကြားချက်အရ Chrome Platform နဲ့ Ecosystem တစ်ခုလုံးက နောက်ပိုင်းမှာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကတော့ Chrome Team ဟာ လက်ရှိအချိန်မှာ Developer Valve နဲ့ နီးကပ်စွာအလုပ်လုပ်နေပြီးတော့ Chromebook တွေမှာ Steam ကို အသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး Chromebook တွေမှာ Steam ကို ရရှိလာမယ်ဆိုတာကို Google ဘက်က အတည်ပြုသွားခဲ့ပေမယ့် ဘယ်အချိန်မှာ ရရှိလာနိုင်မလဲဆိုတာကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။

နောက်ထပ်တစ်ချက်ကတော့ Steam ဟာ PC တွေအတွက် အကြီးမားဆုံး Game Store တစ်ခုဖြစ်ပေမယ့် အဆိုပါ Game အများစုကို Web Browsing နဲ့ Battery Life ကိုပဲ ဦးစားပေးထုတ်လုပ်ထားတဲ့ Chromebook တွေနဲ့ လက်ရှိအချိန်မှာတော့ ဆော့ကစားနိုင်မှာမဟုတ်သေးပါဘူး။ အဲ့ဒါကြောင့် Steam ကို Chromebook မှာ အသုံးပြုလာနိုင်မယ်ဆိုရင်တောင်မှ အသုံးဝင်မှာမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် ဒီအတွက်ကိုလည်း Kan Liu ကနေ လာမယ့်အနာဂတ်မှာ ပိုပြီး Powerful ဖြစ်တဲ့ Chromebook တွေကို မြင်တွေ့လာရဖို့ရှိနေပြီးတော့ အထူးသဖြင့် AMD Ryzen Processor ကို အသုံးပြုထားတဲ့ Chromebook တွေထွက်ရှိလာတဲ့အချိန်ကြရင် Chromebook စျေးကွက်ကပြောင်းလဲသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Google Chromebook တွေလည်း High End Game တွေကိုပါ ဆော့ကစားနိုင်တော့မှာပါ။

Ref – Android Police

Zawgyi

Google ရဲ႕ Chrome OS ဟာ လက္ရွိအသုံးျပဳသူအမ်ားဆုံး Operating System ေတြျဖစ္တဲ့ Windows နဲ႔ macOS ေတြနဲ႔ ယွဥ္ရင္ Powerful မျဖစ္ေသးဘူးလို႔ ေျပာႏိုင္ပါတယ္။ ဒါကလလည္း Chrome OS ကိုယ္တိုင္က Web OS အေပၚကို အေျခခံၿပီးေတာ့ သာမန္ Web Browsing နဲ႔ Light Usage အတြက္ အဓိကရည္႐ြယ္ထားတာေၾကာင့္ပါ။

ဒါေပမယ့္ ေနာက္ဆုံး Google Chrome OS ရဲ႕ Product Management Director ျဖစ္တဲ့ Kan Liu ရဲ႕ ေျပာၾကားခ်က္အရ Chrome Platform နဲ႔ Ecosystem တစ္ခုလုံးက ေနာက္ပိုင္းမွာ ေျပာင္းလဲသြားႏိုင္ပါတယ္။ ဒါကေတာ့ Chrome Team ဟာ လက္ရွိအခ်ိန္မွာ Developer Valve နဲ႔ နီးကပ္စြာအလုပ္လုပ္ေနၿပီးေတာ့ Chromebook ေတြမွာ Steam ကို အသုံးျပဳႏိုင္ေတာ့မွာပဲျဖစ္ပါတယ္။

ဒီလိုမ်ိဳး Chromebook ေတြမွာ Steam ကို ရရွိလာမယ္ဆိုတာကို Google ဘက္က အတည္ျပဳသြားခဲ့ေပမယ့္ ဘယ္အခ်ိန္မွာ ရရွိလာႏိုင္မလဲဆိုတာကိုေတာ့ ေျပာၾကားထားျခင္းမရွိေသးပါဘူး။

ေနာက္ထပ္တစ္ခ်က္ကေတာ့ Steam ဟာ PC ေတြအတြက္ အႀကီးမားဆုံး Game Store တစ္ခုျဖစ္ေပမယ့္ အဆိုပါ Game အမ်ားစုကို Web Browsing နဲ႔ Battery Life ကိုပဲ ဦးစားေပးထုတ္လုပ္ထားတဲ့ Chromebook ေတြနဲ႔ လက္ရွိအခ်ိန္မွာေတာ့ ေဆာ့ကစားႏိုင္မွာမဟုတ္ေသးပါဘူး။ အဲ့ဒါေၾကာင့္ Steam ကို Chromebook မွာ အသုံးျပဳလာႏိုင္မယ္ဆိုရင္ေတာင္မွ အသုံးဝင္မွာမဟုတ္ဘူးလို႔ ေျပာႏိုင္ပါတယ္။

ဒါေပမယ့္ ဒီအတြက္ကိုလည္း Kan Liu ကေန လာမယ့္အနာဂတ္မွာ ပိုၿပီး Powerful ျဖစ္တဲ့ Chromebook ေတြကို ျမင္ေတြ႕လာရဖို႔ရွိေနၿပီးေတာ့ အထူးသျဖင့္ AMD Ryzen Processor ကို အသုံးျပဳထားတဲ့ Chromebook ေတြထြက္ရွိလာတဲ့အခ်ိန္ၾကရင္ Chromebook ေစ်းကြက္ကေျပာင္းလဲသြားမယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ ေနာက္ပိုင္းမွာ Google Chromebook ေတြလည္း High End Game ေတြကိုပါ ေဆာ့ကစားႏိုင္ေတာ့မွာပါ။

Ref – Android Police