Android TV Box/Stick တွေကို ကမ္ဘာအဝန်းမှာ လူသုံးများလာပါတယ်။ ဒါပေမယ့် အဲဒီ Box အားလုံးမှာ ဘေးကင်းလုံခြုံတဲ့ OS ထည့်သွင်းထားခြင်း မရှိပါဘူး။ အခုတော့ Google က ဈေးပေါတဲ့ TV Box တွေမှာ Malware တွေ ပါလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

Android TV explained: what you need to know about Google's TV OS | TechRadar

လုံခြုံရေး သုတေသနပညာရှင် ၂ ယောက်က Malware ပါတဲ့ Android TV Box တွေမှာ Clickbait လုပ်ဖို့အတွက် Malware က Command and Control Server တွေကို ဆက်သွယ်ကြတယ်လို့ ပြောပါတယ်။ ဟက်ကာတွေက နောက်ကွယ်ကနေ ကြော်ငြာတွေကို ကလစ်လုပ်တာကနေ ဝင်ငွေရနေကြပါတယ်။ အဲဒါကို Ad-click Fraud လို့ ခေါ်ကြပါတယ်။

HYUNDAI Smart Android TV 32 inch (80cm) - Hoge definitie - WIFI - NETFLIX - PRIME... | bol.com

TechCrunch က အွန်လိုင်းမှာ ရောင်းနေကြတဲ့ ဈေးချိုပြီး လူကြိုက်များတဲ့ Android TV Device တွေမှာ ဆိုက်ဘာ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တဲ့ Malware တွေ ကြိုတင်ထည့်သွင်းထားကြတယ်လို့ ပြောပါတယ်။ Malware ပါတဲ့ Brand အမည်ကို ခြေရာခံဖို့ ခက်ခဲပေမယ့် အဲဒီ Device တွေမှာ Rockchip နဲ့ Allwinner က တရုတ် Chip တွေ ထည့်သွင်းထားပါတယ်။ Allwinner T95Max , RockChip X12 Plus နဲ့ RockChip X88 Pro 10 တို့လို Chip တွေ ပါတဲ့ TV Box တချို့မှာ Malware ပါတဲ့ Firmware ကို အသုံးပြုထားကြပါတယ်။

အခုတော့ Google က Malware အကြောင်း Android TV User တွေကို သတိပေးလာပါတယ်။ Google က တချို့ Box တွေဟာ Android TV OS ပါတယ်လို့ လိမ်ညာကြော်ငြာနေပေမယ့် တကယ်တော့ ရိုးရိုး Android OS ပဲ ထည့်သွင်းထားတာလို့ ပြောပါတယ်။ အဓိက ပြဿနာက အဲဒီ Device တွေမှာ Play Protect Certified မပါလာတာပါ။ အဲဒီအတွက် Malware အန္တရာယ်ကို ကြောက်ရပါတယ်။

သင့် Android TV Box မှာ Play Protect Certified ပါသလားဆိုတာ စစ်ဆေးနည်း

  • သင့် TV Box မှာ PlayStore ကို ဖွင့်ပါ။
  • ညာဘက်ထိပ်က ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ။
  • Play Protect ကို ရှာပြီး “Play Protect Certification” ကို တွေ့ရင် သင့် TV Box မှာ Play Protect Certified ပါပါတယ်။

Ref : gizchina