Google Lens ဟာ အခုအချိန်မှာ စမတ်ဖုန်းအသုံးပြုသူတွေအတွက် QR Code Scanner နဲ့ Product တွေကို ရှာဖွေတာအပြင် တခြား Function တွေကိုလည်း အမြောက်အများအသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း လက်ရေးစာကို Text Format အနေနဲ့ ပြောင်းလဲပေးနိုင်တဲ့ Feature တစ်ခုကို ရရှိခဲ့ပါသေးတယ်။

အခုလည်း Google Lens မှာ “Homework” နာမည်နဲ့ Filter အသစ်ကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Homework Filter ဟာ သင်္ချာပုစ္ဆာတွေနဲ့ Equation တွေတင်မကပဲ သိပ္ပံပုစ္ဆာတွေအထိပါ ကူညီဖြေရှင်းပေးနိုင်မယ်လို့လည်း သိရပါတယ်။

အဆိုပါ Homework Filter ကို အသုံးပြုချင်တယ်ဆိုရင် Google Lens ထဲမှာ ရှိတဲ့ Homework Filter ကို ရွေးချယ်ထားရမှာပါ။ ပြီးရင်တော့ ပုစ္ဆာတစ်ပုဒ်ရဲ့ မေးခွန်းကို ဓါတ်ပုံရိုက်ကူးပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ “Overview” နဲ့ အဆိုပါ ပုစ္ဆာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုပါ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

တကယ်လို့ Google Lens က ဖော်ပြထားတဲ့ ဖြေရှင်းနည်းက မှားယွင်းနေတယ်ဆိုရင်လည်း Edit ပြုလုပ်နိုင်မှာဖြစ်သလို Computer မှာရှိတဲ့ Chrome Browser ကိုလည်း Copy ပြုလုပ်ပေးပို့နိုင်ဦးမှာဖြစ်ပါတယ်။ ဖြေရှင်းနည်းတွေကိုလည်း အဆင့်တစ်ခုချင်းစီအလိုက် ဖော်ပြပေးမှာဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက်ကတေ့ာ အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

အဆိုပါ Homework Filter အတွက် Google ကနေ ပြီးခဲ့တဲ့နှစ်တုန်းက ဝယ်ယူခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလမှာ ပြန်လည်ထုတ်ပေးခဲ့တဲ့ Socratic App ရဲ့ နည်းပညာတွေကို အခြေခံထားတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Google Lens က Homework Filter ကို iOS နဲ့ Android ၂ မျိုးစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – Android Central