Apple iPhone X မှာ Application အများစုနဲ့ အဆင်မပြေသေးတဲ့ Error တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ iPhone X ရဲ့ Display ဟာ ဖုန်းရဲ့ အလယ်အပေါ်ဘက်မှာ ရှိတဲ့ Notch Bar ကလွဲပြီး ကျန်တဲ့နေရာ အကုန်လုံးကို ရယူထားတာကြောင့်ဖြစ်ပါတယ်။

အဲ့ဒီအတွက် Application အများစုဟာ iPhone X ရဲ့ Screen အပြည့်ကို မရယူနိုင်ပဲ အပေါ်ဘက်နဲ့ အောက်ဘက်မှာ အမည်းရောင် Bar တန်းအနေနဲ့ပဲ တွေ့မြင်နေရတုန်းဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အသုံးအများဆုံး Application တစ်ခုဖြစ်တဲ့ Google Maps လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ Google Maps App ဟာ iPhone X အတွက် အဆင်ပြေအောင် Application ကို iPhone X ရဲ့ Notch Bar နဲ့ အဆင်ပြေပြေဖော်ပြနိုင်အောင် Update ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခြားသော Google Apps တွေဖြစ်တဲ့ YouTube, Keep နဲ့ Docs စတဲ့ Application တွေလည်း Update ပြုလုပ်ခဲ့ပေမယ့် အခြားအသုံးများတဲ့ Google Chrome, Gmail Application တွေကတော့ iPhone X အတွက် Support မပြုလုပ်သေးပါဘူး။

Google လိုမျိုး ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ Applications တွေတောင် Apple iPhone X ကို ကောင်းကောင်း Support မလုပ်နိုင်သေးတဲ့အတွက် အခြားသော Application တွေအနေနဲ့ iPhone X ကို Support လုပ်နိုင်ဖို့ အချိန်တစ်ခုပေးရဦးမှာဖြစ်ပါတယ်။