Google က ဝန်ထမ်းတချို့ကို AI နဲ့ အစားထိုးဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်လာပါတယ်။ The Information က Google ဟာ အရောင်းဝန်ထမ်း တချို့ကို နေရာပြောင်းဖို့ သို့မဟုတ် အလုပ်ထုတ်ဖို့ စဉ်းစားနေပြီး အဲဒီ ဝန်ထမ်းတွေရဲ့ အလုပ်တွေကို မကြာခင်က အသုံးပြုခဲ့တဲ့ AI Tool အသစ်က ပြုလုပ်နေပြီ ဖြစ်ပါတယ်။

Google offers 7 free Generative AI training courses - Cybersecurity Careers Blog

ဒီနှစ် အစောပိုင်းမှာ Google ဟာ ကြော်ငြာရှင်တွေအတွက် အထူး ဒီဇိုင်းထုတ်ထားတဲ့ AI အခြေပြု ကြော်ငြာ Tool ကို စတင် အသုံးပြုခဲ့ပါတယ်။ အဲဲဒီ AI Tool က ကြော်ငြာရှင်တွေရဲ့ အတွေ့အကြုံကို ပိုကောင်းစေပါတယ်။

Google ရဲ့ ကြော်ငြာ ဌာနမှာ ဝန်ထမ်းပေါင်း ၃၀,၀၀၀ ရှိပြီး ထက်ဝက်လောက်က Google ကြော်ငြာ ဝန်ဆောင်မှုတွေကို ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ကြော်ငြာရှင်တွေဟာ AI ကို အသုံးပြုလာကြတဲ့အတွက် အရောင်းဝန်ထမ်းတွေအတွက် အလုပ်မရှိတော့ပါဘူး။ ဝန်ထမ်းတွေကို AI နဲ့ အစားထိုးတာဟာ Google ရဲ့ စီးပွားရေးကို ရေရှည်မှာ ပိုကောင်းလာစေပါတယ်။

Google Building

AI ဟာ ကြော်ငြာလုပ်ငန်းကိုပဲ အစားထိုးနိုင်တာ မဟုတ်ပါဘူး။ AI ဟာ ပိုမို အဆင့်မြင့်လာတဲ့အတွက် တခြား နယ်ပယ်က ဝန်ထမ်းတွေရဲ့ နေရာကိုပါ လုယူလာနိုင်ပါတယ်။

AI ကြောင့် လူသားတွေ အလုပ်ပြုတ်သွားနိုင်သလို AI ကြောင့် အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ LLMs နဲ AI Trainer တွေအတွက် Prompts တွေကို ဖန်တီးပေးတဲ့ Prompt Engineer လို အရင်က မရှိခဲ့ဖူးတဲ့ အလုပ်အကိုင်တွေ ပေါ်လာမှာပါ။

Ref : pcmag