Google ဟာ အခုနောက်ပိုင်းမှာ လူအသုံးပြုမှုအများဆုံး Video Streaming Platform တစ်ခုဖြစ်တဲ့ YouTube မှာ Feature အသစ်တွေထည့်သွင်းဖို့ မကြာခဏစမ်းသပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းစမ်းသပ်နေတဲ့ Feature အများစုဟာ လစဥ်ပိုက်ဆံပေးသွင်းပြီး အသုံးပြုရတဲ့ YouTube Premium ကို အသုံးပြုသူများပြားလာအောင် စမ်းသပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းကလည်း Google ကနေ YouTube မှာ ကြည့်ရှုမယ့် Video တွေမစတင်ခင် Skip လုပ်နိုင်ခြင်းမရှိတဲ့ ကြော်ငြာတွေကို အများအပြားထည့်သွင်းဖို့ စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Premium ဝယ်ယူထားသူတွေကိုပဲ ဦးစားပေးထားတဲ့ Feature တစ်ခုကို စမ်းသပ်နေပြီဖြစ်ပါတယ်။

ဒါကတော့ YouTube Video တွေကို 4K Resolution နဲ့ ကြည့်ရှုချင်တယ်ဆိုရင် Premium ကို ဝယ်ယူထားဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့ YouTube ကို အခမဲ့အသုံးပြုနေတယ်ဆိုရင် 4K ကို ကြည့်ရှုနိုင်မှာမဟုတ်တော့ဘဲ 2K သို့မဟုတ် 1440p အထိပဲ ကြည့်ရှုနိုင်တော့မှာပါ။

လောလောဆယ်မှာ တချို့သော အသုံးပြုသူတွေဆီမှာ အခုလိုမျိုး စမ်းသပ်နေတယ်လို့ သိရပြီး Google အနေနဲ့ နောက်ပိုင်းမှာ တကယ်ဆောင်ရွက်သွားမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – Neowin