Google ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက $349 တန် Pixel 4a စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Pixel 4 နဲ့ Pixel 4 XL စမတ်ဖုန်းတွေရောင်းချမှုကိုပါ ရပ်ဆိုင်းခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Google ကနေ နှစ်ကုန်ပိုင်းမှာ Pixel 4a (5G) နဲ့ Pixel 5 စမတ်ဖုန်းတွေကိုပါ မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်း ၂ မျိုးစလုံးဟာ Qualcomm Snapdragon 765G 5G Chipset ကို အသုံးပြုလာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုအချိန်မှာတော့ Google ကနေ မိတ်ဆက်သွားမယ့် Pixel 5 စမတ်ဖုန်းဟာ ပုံမှန်အနေနဲ့ Pixel 5 XL ဖုန်းကိုပဲ Pixel 5 ဆိုတဲ့နာမည်နဲ့ တစ်မျိုးထဲမိတ်ဆက်သွားဖို့ ဖြစ်နိုင်ခြေများနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Pixel 5 ကိုလည်း ယခင်နှစ်တွေကလိုမျိုး အရွယ်အစား ၂ မျိုးနဲ့ ဝယ်ယူနိုင်မှာမဟုတ်တော့ပါဘူး။

လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ Google Pixel 5 စမတ်ဖုန်းဟာ 6.67″ OLED Display ကိုအသုံးပြုလာမှာဖြစ်ပြီး 120Hz Refresh Rate ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါ Display Panel ကိုတော့ Samsung နဲ့ BOE Display တို့ကနေ ထုတ်လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။

နောက်ထပ် Specification တွေအရတော့ Pixel 5 စမတ်ဖုန်းမှာ RAM 8GB ပါဝင်မှာဖြစ်ပြီး နောက်ကျောဘက်မှာပါ Fingerprint Sensor ကို ပြန်လည်ထည့်သွင်းထားမယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ $699 ကနေ စတင်မယ်လို့ သိရတဲ့အတွက် မနှစ်တုန်းက Pixel 4 ထက်တော့ စျေးအနေနဲ့ $100 ခန့်ပိုပြီးသက်သာမှာပါ။

Ref – GSM Arena