Google Pay ဟာ အိန္ဒိယလို နိုင်ငံတွေမှာ နာမည်ကြီးတဲ့ ဒစ်ဂျစ်တယ် ငွေပေးချေတဲ့ ဝန်ဆောင်မှု ဖြစ်ပြီး အခုတော့ Google က Crypto ပေးချေနိုင်တဲ့ လုပ်ဆောင်ချက်ကို Google Pay မှာ ထည့်သွင်းပေးဖို့ ကြိုးစားနေပါတယ်။

Google ရဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်း ဥက္ကဌ Bill Ready ဟာ Crypto အပါအဝင် ငွေကြေး ဝန်ဆောင်မှုတွေကို ပိုမိုတိုးချဲ့ဖို့အတွက် PayPal အရာရှိဟောင်း Arnold Goldberg ကို ငှားရမ်းလိုက်ကြောင်း ပြောတယ်လို့ Bloomberg က ရေးသားထားပါတယ်။ Google ရဲ့ Next Billion Users or NBU လို့ ခေါ်တဲ့ ငွေပေးချေတဲ့ လုပ်ငန်းအတွက် ဒုတိယ ဥက္ကဌ နဲ့ အထွေထွေ မန်နေဂျာ ရာထူးကို Arnold Goldberg က ရရှိမှာပါ။

Google snags former PayPal exec to sharpen payments strategy and widen  financial scope - NewsBreak

Google က သူ့ရဲ့ ဒစ်ဂျစ်တယ် Wallet မှာ Crypto ပေးချေမှု ထည့်သွင်းပေးမယ်လို့ အတိအကျ မပြောသေးပေမယ့် Ready က “ Crypto ဟာ ကျွန်တော်တို့ အလေးအရမ်းထားတဲ့ အရာ တစ်ခုပါ။ သုံးစွဲသူတွေနဲ့ ကုန်သည်တွေရဲ့ တောင်းဆိုမှု မြင့်မားလာတာနဲ့အမျှ ကျွန်တော်တို့ Crypto မှာ ပါဝင်ပတ်သတ်မှာပါ။ “ လို့ ပြောပါတယ်။ အဲဒီအတွက် Google ဟာ Crypto ပေးချေမှုကို သူ့ရဲ့ Wallet အတွင်း အနာဂတ်မှာ ထည့်သွင်းပေးလာနိုင်ပါတယ်။

Ready က ပြီးပြည့်စုံတဲ့ ဒစ်ဂျစ်တယ် Wallet ဖြစ်ဖို့ Google Pay မှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းမယ်လို့ ပြောပြီး အဲဒီ လုပ်ဆောင်ချက်တွေထဲမှာ ဒစ်ဂျစ်တယ် လက်မှတ်၊ လေယာဉ် လက်မှတ်နဲ့ ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်တွေ ပါဝင်မှာပါ။

Ref : gizmochina