Google က Web User တွေအတွက် Google Photos မှာ Memories ထည့်သွင်းပေးမယ်လို့ အောက်တိုဘာလက ကြေညာခဲ့ပြီး အခုတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြန့်ချိပေးနေပါပြီ။ မိုဘိုင်း App မှာ ၂၀၁၉ ခုနှစ်ကစတင် ထည့်သွင်းပေးခဲ့ပြီး လူကြိုက်များတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က User တွေရဲ့ အတိတ်က အမှတ်တရတွေကို နှစ်ပတ်လည်နေ့တွေမှာ ပြသပေးတာ ဖြစ်ပါတယ်။

အခုတော့ Google Photos Website မှာ Memories Carousel တွေကို ပြသပေးနေပြီ ဖြစ်ပြီး အဲဒါကို Click နှိပ်ရင် ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ၁၀ စက္ကန့်ကြာပြသပေးပါတယ်။ ၁၀ စက္ကန့်ပြည့်ရင် နောက် ၁ ခုကို မြင်ရမှာ ဖြစ်ပါတယ်။ Down Key ကို နှိပ်ရင် သို့မဟုတ် အောက်ခြေက Down Arrow ကို နှိပ်ရင် Highlight ပြသပေးမှာ ဖြစ်ပြီး သင်နှစ်သက်ရာကို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။

စမတ်ဖုန်းက Settings တွေကို Website ရဲ့ Memories မှာ ထည့်သွင်းပေးထားပြီး စမတ်ဖုန်းမှာ ဖွက်ထားတဲ့ People နဲ့ Dates တွေကို Web Carousel မှာ မပြသပေးပါဘူး။

ပြီးခဲ့တဲ့ ၁ ပတ်ကပဲ Google က Memories Feature Set ကို ပိုကောင်းအောင် ပြုလုပ်ပေးထားတယ်လို့ ကြေညာခဲ့ပြီး Machine Learning ကို အသုံးပြုကာ Background Detail တွေကို ဖြည့်စွက်ပေးခြင်းဖြင့် Cinematic ဓါတ်ပုံတွေကို ပိုကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ People & Pets Home Screen Widget မှာလည်း Material You-friendly Version အသစ်ကို ထည့်သွင်းပေးလိုက်ပြီး Filters များစွာမှာ ချိန်ညှိတာတွေ ပိုလုပ်လို့ရလာပါပြီ။ Memories Carousel မှာ သင်ကြိုက်တဲ့ Settings တွေကို လွယ်ကူစွာ ချိန်ညှိနိုင်လာပါပြီ။

Ref : androidpolice