Google Photos ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး ဓါတ်ပုံတွေ Backup ပြုလုပ်တဲ့ Application တစ်ခုဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Google Photos ဟာ ယခင်တုန်းကလိုမျိုး Free Photo Backup Option ကို ထည့်သွင်းပေးထားခြင်းမရှိတော့ပေမယ့်လည်း Cloud Storage စျေးနှုန်းတွေအရ သက်သာနေသေးတာကြောင့် အသုံးပြုသူများပြားနေတုန်းပါ။

Google ဟာ မကြာသေးခင်တုန်းက Pixel အသုံးပြုသူတွေအတွက် ကိုယ်သိမ်းထားချင်တဲ့ ဓါတ်ပုံတွေကို ပိုပြီး လုံလုံခြုံခြုံသိမ်းထားနိုင်မယ့် Locked Folder Feature ကို ထုတ်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Locked Folder Feature ကို တခြားသော Android ဖုန်းတွေအတွက်ပါ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Google ကနေ တရားဝင်ပြောကြားချက်အရတော့ ဘယ် Android Device တွေမှာ အရင်ဆုံးရရှိမလဲဆိုတာကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် လက်ရှိအချိန်မှာ Samsung နဲ့ OnePlus Device အချို့မှာ စတင်အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းက OnePlus စမတ်ဖုန်းတွေဟာ အဆိုပါ Locked Folder ကို အသုံးပြုနိုင်ခြင်းမရှိခဲ့ပေမယ့် အခုမှအသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

Google Photos ရဲ့ Locked Folder Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ App ထဲမှာရှိတဲ့ Library ထဲမှာရှိတဲ့ Utilities ထဲကနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Locked Folder ဆိုတဲ့အတိုင်း Password သို့မဟုတ် Fingerprint နဲ့ Locked ပြုလုပ်ထားနိုင်မှာပါ။

အခုလိုမျိုး Locked Folder Feature ဟာ Apple Device တွေအတွက်ကတော့ လာမယ့်နှစ်မှပဲ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ တစ်ခုရှိတာကတော့ အခုလိုမျိုး Locked Folder ကို အသုံးပြုချင်တယ်ဆိုရင် Google Cloud ထဲမှာတော့ Backup ပြုလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။

Ref – The Verge