[Zawgyi]
Ref: Android Authority
[Unicode]
အရင်က Pixel 3 နဲ့ 3XL တို့ရဲ့ Rumors တွေထွက်တုန်းကတော့ ဒီပုံစံ ဒီဒီဇိုင်းကြီးမျိုး မလုပ်လောက်ပါဘူးလို့ ထင်ခဲ့မိပေမယ့် တကယ်ထွက်လာတဲ့အချိန်မှာလည်း Specs တွေက Rumors တွေအတိုင်းဖြစ်နေတော့ အံ့သြစရာရယ်လို့ မရှိလိုက်ဖးူဖြစ်သွားပါတယ်။ အပြင်ပိုင်း ဒီဇိုင်းကာလာဘာညာအနေအထားကတော့ မနှစ်က Pixel 2 တွေနဲ့ လုံးဝတူသလောက်နီးနီးဖြစ်ပေမယ့် အတွင်းပိုင်း Specs လေးတွေတော့ ပြောင်းသွားရှာပါတယ်။ ဒါဆို Pixel 3 နဲ့ 3xL ကြားမှာရော ဘယ်လိုကွာခြားချက်တွေရှိမလဲ?? သူတို့ရဲ့ Specs တွေနဲ့ပတ်သတ်ပြီး နည်းနည်းယှဉ်ကြည့်လိုက်ရအောင်.
Display မှာတော့ Pixel 3 က 5.5″ OLED Display, 1080 x 2160 resolution (~443ppi) 18:9 ratio နဲ့ Gorilla Glass 5 ကိုသုံးထားပြီးတော့
Pixel 3XL ကတော့ 6.3″ OLED Display, 1440 x 2960 resolution (~523ppi) 18.5:9 ratio နဲ့ Gorilla Glass 5 ပဲဆိုတော့ Display ပိုင်းမှာ ဒီဖုန်း၂မျိုးက Size နဲ့ Resolution ကွာသွားပါပြီ။
Processor ကတော့ ၂မျိုးလုံးမှာ Qualcomm ရဲ့ Snapdragon 845 ကိုသုံးထားတာဖြစ်လို့ အတူတူပါပဲ။ GPU ကလည်း Adreno 630 ချင်း တူတူပါပဲ။
Storage ကလည်း ၂မျိုးလုံး RAM 4GB နဲ့ ROM 64GB(or) 128GB နဲ့လာပါမယ်။ MicroSD ကဒ်ပေါက်တော့ ပါမှာမဟုတ်ပါဘူး။
Camera ကလည်း ၂မျိုးလုံးအတွက်
Rear Camera က 12.2MP, f/1.8 , 1.4μm , OIS, EIS, Spectral & Flicker Sensor
Front Camera ကတော့ Dual ဖြစ်ပြီး Main 8MP f.1.8 AutoFocus sensor နဲ့ Secondary 8MP Wide-Angle (97 Degree) F/2.2 Fixed-Focus Sensor သုံးထားပါတယ်။ နှမြောတာကတော့ 3.5mm နားကြပ်ပေါက်မပါတာပါပဲ။
Battery ကတော့ Pixel 3 မှာ 2915mAh နဲ့ Pixle 3XL မှာတော့ 3430mAh Battery ကိုသုံးထားတဲ့အတွက် Battery တော့ နည်းနည်းကွာသွားပါတယ်။ ၂မျိုးလုံးအတွက် IP rating ကတော့ IP68 ပါ။
တခြား Feature ေတွအနေနဲ့ကတော့ ရှေ့ဘက် Dual Front-Facing Speakers, USB Type-C, Nano-SIM ၁ကဒ်စိုက်လို့ရမှာဖြစ်ပါတယ်။ Wireless Charging ရပြီး Pressure-Sensitive Active Edge လည်း ပါဝင်လာပါတယ်။ Android Version ကတော့ Android 9 Pie နဲ့ထွက်လာမှာဖြစ်ပြီး အရောင်တွေကတော့ Black, White နဲ့ Pink ဆိုပြီး လာပါမယ်။
စိတ်ထဲမှာတော့ 3XL ရဲ့ ကြီးလွန်းတဲ့ Notch ကြီးကို သိပ်ဘဝင်မကျပေမယ့် မျှော်လင့်မိတာကတော့ မနှစ်ကလို Camera တစ်လုံးထဲနဲ့ ဘယ်လိုစပါယ်ရှယ်ပုံတွေထွက်အောင် ရိုက်နိုင်မလဲဆိုတာပါပဲ။ Pixel 3 နဲ့ 3XL တို့နဲ့ ပတ်သတ်ပြီး အရမ်းမျှော်လင့်ခဲ့တာများရှိရင် အောက်က Comment မှာ ဝင်ပြောပေးခဲ့လို့ရပါတယ်။
Ref: Android Authority