[Zawgyi]

Google ရဲ႕ Pixel ဖုန္းေတြဟာ ေဈးႏႈန္းျမင့္သလို အရည္အေသြးလည္း ျမင့္မားၿပီး အသုံးျပဳရတဲ့ အေတြ႕အႀကဳံေကာင္းေတြ ရရွိတာေၾကာင့္ နာမည္ေက်ာ္ၿပီး လူႀကိဳက္မ်ားလာတဲ့ ဖုန္းေတြ ျဖစ္ပါတယ္။ Google ရဲ႕ ေျခလွမ္းသစ္ျဖစ္တဲ့ Pixel 3a နဲ႔ Pixel 3a XL ေတြကေတာ့ Mid-range ေတြျဖစ္တာေၾကာင့္ ေဈးႏႈန္းသက္သာဖို႔ကို ေမွ်ာ္လင့္ေနၾကတာပါ။

Pixel 3a နဲ႔ Pixel 3a XL အေၾကာင္းေတြ ေပါက္ၾကားတဲ့အထဲမွာ ဒီတစ္ေခါက္ကေတာ့ ေဈးႏႈန္းေပါက္ၾကားမႈပဲ ျဖစ္ပါတယ္။ ကေနဒီယန္ ေဈးႏႈန္းအေနနဲ႔ ေပါက္ၾကားလာတာ ျဖစ္တဲ့အတြက္ အျခား ဥေရာပႏိုင္ငံေတြနဲ႔ ယွဥ္ရင္ အနည္းငယ္ ကြာဟမႈ ရွိႏိုင္ပါတယ္။

Pixel 3a (Sargo) ဟာ CAD $649 (~€430/$490) (၇သိန္း ၄ေသာင္းဝန္းက်င္) ျဖစ္ၿပီး သူ႔ထက္ ပိုႀကီးတဲ့ Pixel 3a XL (Bonito) ကေတာ့ CAD $799 (~€530/$600) (၉သိန္း ၁ေသာင္းဝန္းက်င္) လို႔ သိရပါတယ္။ ဒီေဈးႏႈန္းေတြဟာ ေကာလာဟလသတင္းထြက္ထားတဲ့ ဂ်ာမန္ေဈးကြက္က ေဈးႏႈန္းျဖစ္တဲ့ 4GB of RAM နဲ႔ Storage 64GB ပါဝင္တဲ့ Pixel 3a €450 (၇သိန္း ၇ေသာင္းဝန္းက်င္) ထက္ အနည္းငယ္ ေလ်ာ့နည္းေနတယ္လို႔ ဆိုရမွာပါ။

Google Pixel 3 နဲ႔ Pixel 3 XL တို႔ရဲ႕ ကေနဒါ ေဈးႏႈန္းေတြကို ၾကည့္လိုက္မယ္ဆိုရင္ CAD $999 (၁၁သိန္း ၃ေသာင္းဝန္းက်င္) နဲ႔ CAD $1,129 (၁၂သိန္း ၈ေသာင္းဝန္းက်င္) အသီးသီး ျဖစ္တာကို ေတြ႕ရပါတယ္။ Google Pixel 3a ဟာ 5.6-inch 1080x2220px display နဲ႔ ျဖစ္ၿပီး Pixel 3a XL ကေတာ့ 6.0-inch 1080x2160px မ်က္ႏွာျပင္နဲ႔ ျဖစ္ပါတယ္။ Pixel 3a နဲ႔ Pixel 3a XL တို႔ဟာ Pixel 3, Pixel 3 XL တို႔နဲ႔ အေတာ္ေလးကို ဆင္တူၾကေပမယ့္ ေက်ာဘက္ကိုယ္ထည္ကေတာ့ Glass အစား ပလတ္စတစ္ကိုပဲ အသုံးျပဳထားတာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Google Pixel 3a နဲ့ 3a XL ဈေးနှုန်းများ ပေါက်ကြားလာ

Google ရဲ့ Pixel ဖုန်းတွေဟာ ဈေးနှုန်းမြင့်သလို အရည်အသွေးလည်း မြင့်မားပြီး အသုံးပြုရတဲ့ အတွေ့အကြုံကောင်းတွေ ရရှိတာကြောင့် နာမည်ကျော်ပြီး လူကြိုက်များလာတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ Google ရဲ့ ခြေလှမ်းသစ်ဖြစ်တဲ့ Pixel 3a နဲ့ Pixel 3a XL တွေကတော့ Mid-range တွေဖြစ်တာကြောင့် ဈေးနှုန်းသက်သာဖို့ကို မျှော်လင့်နေကြတာပါ။

Pixel 3a နဲ့ Pixel 3a XL အကြောင်းတွေ ပေါက်ကြားတဲ့အထဲမှာ ဒီတစ်ခေါက်ကတော့ ဈေးနှုန်းပေါက်ကြားမှုပဲ ဖြစ်ပါတယ်။ ကနေဒီယန် ဈေးနှုန်းအနေနဲ့ ပေါက်ကြားလာတာ ဖြစ်တဲ့အတွက် အခြား ဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် အနည်းငယ် ကွာဟမှု ရှိနိုင်ပါတယ်။

Pixel 3a (Sargo) ဟာ CAD $649 (~€430/$490) (၇သိန်း ၄သောင်းဝန်းကျင်) ဖြစ်ပြီး သူ့ထက် ပိုကြီးတဲ့ Pixel 3a XL (Bonito) ကတော့ CAD $799 (~€530/$600) (၉သိန်း ၁သောင်းဝန်းကျင်) လို့ သိရပါတယ်။ ဒီဈေးနှုန်းတွေဟာ ကောလာဟလသတင်းထွက်ထားတဲ့ ဂျာမန်ဈေးကွက်က ဈေးနှုန်းဖြစ်တဲ့ 4GB of RAM နဲ့ Storage 64GB ပါဝင်တဲ့ Pixel 3a €450 (၇သိန်း ၇သောင်းဝန်းကျင်) ထက် အနည်းငယ် လျော့နည်းနေတယ်လို့ ဆိုရမှာပါ။

Google Pixel 3 နဲ့ Pixel 3 XL တို့ရဲ့ ကနေဒါ ဈေးနှုန်းတွေကို ကြည့်လိုက်မယ်ဆိုရင် CAD $999 (၁၁သိန်း ၃သောင်းဝန်းကျင်) နဲ့ CAD $1,129 (၁၂သိန်း ၈သောင်းဝန်းကျင်) အသီးသီး ဖြစ်တာကို တွေ့ရပါတယ်။ Google Pixel 3a ဟာ 5.6-inch 1080x2220px display နဲ့ ဖြစ်ပြီး Pixel 3a XL ကတော့ 6.0-inch 1080x2160px မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Pixel 3a နဲ့ Pixel 3a XL တို့ဟာ Pixel 3, Pixel 3 XL တို့နဲ့ အတော်လေးကို ဆင်တူကြပေမယ့် ကျောဘက်ကိုယ်ထည်ကတော့ Glass အစား ပလတ်စတစ်ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။

Ref: GSMArena