[Zawgyi]

ၿပီးခဲ့တဲ့ တစ္ပါတ္က Google Pixel 3a နဲ႔ Pixel 3a XL ေတြအေၾကာင္းကို Google Play Console ကေန တစ္ဆင့္ သိခဲ့ရပါတယ္။ ဒီတစ္ပါတ္မွာေတာ့ အတြက္ Case ဒီဇိုင္းေတြ ေပါက္ၾကားလာပါၿပီ။ ေတြ႕ျမင္ရတဲ့ Case ဒီဇိုင္းေတြက ျပသေနတာကေတာ့ Pixel 3a ေရာ Pixel 3a XL ပါ ခပ္ထူထူ Bezel ေတြနဲ႔ ဆိုတာပါပဲ။

Google Pixel 3a နဲ႔ Pixel 3a XL တို႔ဟာ Mid-range ဖုန္းေတြလို႔ ဆိုရမွာပါ။ အမ်ိဳးအစား ႏွစ္ခုစလုံးကလည္း တစ္လုံးနဲ႔တစ္လုံး ဒီဇိုင္းခ်င္း သိပ္မကြာပါဘူး။ အတူတူပဲလို႔ ဆိုရမွာပါ။ ဒီဖုန္းႏွစ္လုံးစလုံးဟာ ေက်ာဘက္ကင္မရာတစ္လုံးစီ၊ အေရွ႕ဘက္ ကင္မရာ တစ္လုံးစီနဲ႔ပဲ လာၾကတာပါ။

Case renders ေတြကတစ္ဆင့္ သိရွိႏိုင္တာက ထိပ္ဘက္မွာ Headphone jack ပါဝင္ၿပီး ေအာက္ဘက္မွာေတာ့ USB-C Port ပါဝင္မယ္ဆိုတာပါပဲ။ ညာဘက္အျခမ္းမွာေတာ့ အသံအတိုးအခ်ဲ႕ခလုတ္နဲ႔ ပါဝါအဖြင့္အပိတ္ ခလုတ္တို႔ ပါဝင္မွာပါ။ ဒါ့အျပင္ ေက်ာဘက္မွာ Fingerprint scanner အတြက္ ေနရာကိုေတြ႕ရွိရၿပီး ေအာက္ေျခမွာေတာ့ Google logo ကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အခ်က္အလက္ေပါက္ၾကားမႈေတြအရ Google Pixel 3a နဲ႔ Pixel 3a XL တို႔ဟာ 4GB of RAM နဲ႔ လာၾကမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Pixel 3a ကေတာ့ 5.6-inch 2220 x 1080 pixel display နဲ႔ ျဖစ္ၿပီး Pixel 3a XL ကေတာ့ 6-inch 2160 x 1080 pixel panel နဲ႔ ျဖစ္ပါတယ္။ ဘက္ထရီအပါအဝင္ က်န္တဲ့ အစိတ္အပိုင္း အေတာ္မ်ားမ်ားကေတာ့ အတူတူပဲလို႔ ဆိုပါတယ္။

Ref: GSMArena

[Unicode]

ပေါက်ကြားလာတဲ့ Case Render တွေအရ Google Pixel 3a နဲ့ Pixel 3a XL ဟာ ခပ်ထူထူ Bazel တွေနဲ့ ဖြစ်ကြောင်း သိရ

ပြီးခဲ့တဲ့ တစ်ပါတ်က Google Pixel 3a နဲ့ Pixel 3a XL တွေအကြောင်းကို Google Play Console ကနေ တစ်ဆင့် သိခဲ့ရပါတယ်။ ဒီတစ်ပါတ်မှာတော့ အတွက် Case ဒီဇိုင်းတွေ ပေါက်ကြားလာပါပြီ။ တွေ့မြင်ရတဲ့ Case ဒီဇိုင်းတွေက ပြသနေတာကတော့ Pixel 3a ရော Pixel 3a XL ပါ ခပ်ထူထူ Bezel တွေနဲ့ ဆိုတာပါပဲ။

Google Pixel 3a နဲ့ Pixel 3a XL တို့ဟာ Mid-range ဖုန်းတွေလို့ ဆိုရမှာပါ။ အမျိုးအစား နှစ်ခုစလုံးကလည်း တစ်လုံးနဲ့တစ်လုံး ဒီဇိုင်းချင်း သိပ်မကွာပါဘူး။ အတူတူပဲလို့ ဆိုရမှာပါ။ ဒီဖုန်းနှစ်လုံးစလုံးဟာ ကျောဘက်ကင်မရာတစ်လုံးစီ၊ အရှေ့ဘက် ကင်မရာ တစ်လုံးစီနဲ့ပဲ လာကြတာပါ။

Case renders တွေကတစ်ဆင့် သိရှိနိုင်တာက ထိပ်ဘက်မှာ Headphone jack ပါဝင်ပြီး အောက်ဘက်မှာတော့ USB-C Port ပါဝင်မယ်ဆိုတာပါပဲ။ ညာဘက်အခြမ်းမှာတော့ အသံအတိုးအချဲ့ခလုတ်နဲ့ ပါဝါအဖွင့်အပိတ် ခလုတ်တို့ ပါဝင်မှာပါ။ ဒါ့အပြင် ကျောဘက်မှာ Fingerprint scanner အတွက် နေရာကိုတွေ့ရှိရပြီး အောက်ခြေမှာတော့ Google logo ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အချက်အလက်ပေါက်ကြားမှုတွေအရ Google Pixel 3a နဲ့ Pixel 3a XL တို့ဟာ 4GB of RAM နဲ့ လာကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Pixel 3a ကတော့ 5.6-inch 2220 x 1080 pixel display နဲ့ ဖြစ်ပြီး Pixel 3a XL ကတော့ 6-inch 2160 x 1080 pixel panel နဲ့ ဖြစ်ပါတယ်။ ဘက်ထရီအပါအဝင် ကျန်တဲ့ အစိတ်အပိုင်း အတော်များများကတော့ အတူတူပဲလို့ ဆိုပါတယ်။

Ref: GSMArena