လွန်ခဲ့တဲ့ ရက်အနည်းငယ်က Google Pixel 5 ရဲ့ Render ပုံတွေကို တွေ့ခဲ့ရပြီး ယနေ့မှာတော့ Pixel 5 XL ဟန်းဆက်ရဲ့ Render လို့ အစီရင်ခံထားတဲ့ ပုံတွေကို ထပ်တွေ့လာရပါတယ်။

ဒီတစ်ခါလည်း Pixel 5 Render ပုံတွေကို Leak လုပ်ပေးခဲ့တဲ့ @xleaks7 နဲ့ Pigtou တို့ဆီကဖြစ်ပြီး ဖုန်းနှစ်လုံးဟာ အတော်လေး ဆင်တူတာကို တွေ့ရမှာပါ။ Display ရဲ့ဘယ်ဘက်မှာ ဆဲလ်ဖီးကင်မရာအတွက် Punch-hole ရှိပြီး နောက်ဘက်မှာ Fingerprint Scanner က လေးထောင့်ပုံ Module ထဲက ကင်မရာနှစ်လုံးကို အဖော်ပြုထားပါတယ်။

သတင်းထဲမှာ ကင်မရာတွေရဲ့ Specs ကိုထည့်မရေးထားပေမယ့် တစ်လုံးကတော့ Ultrawide Lens ဖြစ်မယ်လို့ ယူဆရပါတယ်။ Pixel 5 XL လိုပဲ Pixel 5 မှာလည်း အသံတိုးချဲ့နဲ့ ပါဝါ ခလုတ်ကို ညာဘက်မှာပဲ ထားထားပြီး USB-C Port ကို အောက်ဘက်မှာ မြင်ရပါတယ်။

Pixel 5 XL အရွယ်အစားက 153.8 x 74 x 8.5mm ရှိပြီး ကင်မရာနေရာက တိုင်းရင် 9.5mm အထူရှိမှာပါ။ Pixel 5 XL ကို ဖေဖော်ဝါရီလကတော့ နောက်ဘက်မှာ Triple-camera နဲ့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သတင်းတွေက Pixel 5 XL ဟာ နောက်ဘက်ကင်မရာ Module ဒီဇိုင်းမပြောင်းလဲဘဲ Prototypes သုံးမျိုးထိ ရှိတယ်လို့ ဆိုထားပါတယ်။

Ref – GSMArena