ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Google ကနေ Pixel 6 နဲ့ Pixel 6 Pro ဖုန်းအသစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Pixel 6 Series ဖုန်းတွေဟာ Pixel ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Under-display Fingerprint Sensor ကို အသုံးပြုထားတဲ့ဖုန်းတွေဖြစ်ပါတယ်။

ဒါကြောင့် Pixel 6 Series ဖုန်းတွေမှာ အဆိုပါ Under-display Fingerprint Sensor က လွဲပြီး တခြားသော Face Unlock လိုမျိုး Unlocking စနစ်တွေပါဝင်ခဲ့ခြင်းမရှိပါဘူး။ အခုအချိန်မှာ သိရတဲ့သတင်းတွေအရ Google ဟာ Pixel 6 Pro ဖုန်းအတွက် Face Unlock ကို Software Update ကနေတစ်ဆင့် ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါသတင်းဟာ Android 12L ရဲ့ Source Code မှာ ပါဝင်လာတာဖြစ်ပြီး Google Tensor Chip ပါဝင်တဲ့ဖုန်းတွေမှာ Face Unlock ကို Support လုပ်မယ်လို့ သိရတာဖြစ်ပါတယ်။ ဒါကြောင့် Pixel 6 Pro ဖုန်းဟာ Tensor Chip ကိုပဲ အသုံးပြုထားတာကြောင့် နောက်ပိုင်းမှာ Pixel Feature Drop အနေနဲ့ Software Update ကနေတစ်ဆင့် Face Unlock ကို အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Face Unlock Feature ကို ရရှိလာမယ်ဆိုရင်တောင်မှ Pixel 6 Pro မှာပဲရရှိမှာဖြစ်ပြီး ပုံမှန် Pixel 6 ဖုန်းမှာတော့ ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ်လို့ Pixel 6 Pro သာ Face Unlock ကို Support ပြုလုပ်လာမယ်ဆိုရင် Pixel 4 နဲ့ Pixel 4 XL အပြင်နောက်ထပ် Face Unlock ကိုအသုံးပြုနိုင်တဲ့ Pixel ဖုန်းဖြစ်လာမှာပါ။

Ref – GSM Arena