Google ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက Pixel 6 Series ရဲ့ Design အပြင် အသုံးပြုလာမယ့် Google Tensor Chip အကြောင်းကို တရားဝင်‌‌ေဖာ်ပြသွားခဲ့ပါတယ်။ တချို့သော Specification တွေကိုလည်း ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ နှစ်ကုန်ပိုင်းမှပဲ တရားဝင်မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သတင်းထွက်ပေါ်ချက်တစ်ခုအရ Google ဟာ Pixel 6 Series ဖုန်းတွေမှာ Charger ကို ဘူးထဲမှာ ထည့်သွင်းပေးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိအချိန်မှာ Apple အပါအဝင် Samsung Galaxy Z Fold3 ၊ Z Flip3 လိုမျိုး Foldable ဖုန်းတွေလည်း Charger ကို ထည့်သွင်းပေးခြင်းမရှိတော့တာကြောင့် Google အနေနဲ့လည်း အလားတူပြုလုပ်တာဖြစ်တယ်လို့ ယူဆရပါတယ်။

ဒီလိုမျိုး Charger ကို ဘူးထဲမှာထည့်သွင်းပေးခြင်းမရှိတော့တာက သတင်းဆိုးပေမယ့် Pixel 6 Series ကို စောင့်မျှော်နေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုလည်း ထပ်မံထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒါကတော့ Google ဟာ Pixel 6 Series ဖုန်းတွေအတွက် ပိုမြန်ဆန်တဲ့ Fast Charging ကို Support ပေးလာမှာဖြစ်ပြီး 33W Fast Charging အထိ Support ပေးသွားမယ်လို့ သိရပါတယ်။


Google ဟာ Pixel Series ဖုန်းတွေကို စတင်မိတ်ဆက်တဲ့အချိန်ထဲက 18W Fast Charging ကိုပဲ လက်ရှိနောက်ဆုံးမိတ်ဆက်ထားတဲ့ Pixel 5a ဖုန်းအထိ သုံးစွဲနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုလိုမျိုး 33W Fast Charging ကို အဆင့်မြှင့်တင်လာမယ်ဆိုတာက ကြီးမားတဲ့အဆင့်မြှင့်တင်မှုတစ်ခုဖြစ်လာမှာပါ။ ဒါပေမယ့် Pixel 6 Pro ဖုန်းဟာ Battery အနေနဲ့လည်း 5000mAh Battery ပါဝင်မှာဖြစ်တာကြောင့် အားသွင်းချိန်အနေနဲ့ ဘယ်လောက်ကြာမြင့်မလဲဆိုတာကိုတော့ အတိအကျမသိနိုင်သေးပါဘူး။

ဘာပဲဖြစ်ဖြစ် Google Pixel 6 Series မှာ 33W Fast Charging ကို Support ပြုလုပ်လာမယ်ဆိုရင်တောင် Charger ကို သီးသန့်ဝယ်ယူဖို့ လိုအပ်မှာဖြစ်တာကြောင့် ပိုပြီး စျေးထပ်ပေးရဖွယ်ရှိနေပါတယ်။ ဒါမှမဟုတ် လက်ရှိ Pixel Series ဖုန်းတွေလိုမျိုး USB Power Delivery (PD) အနေနဲ့ပဲ အားသွင်းနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Android Authority