လက်ရှိအချိန်မှာ Under Display Camera Setup ကို ZTE အပြင် Samsung ကနေလည်း Galaxy Z Fold3 Foldable ဖုန်းမှာ အသုံးပြုထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အခုသိရတဲ့သတင်းတွေအရတော့ Google ကလည်း ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Pixel 7 ဖုန်းတွေမှာ Under Display Camera Setup ကို အသုံးပြုလာဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Google ဟာ ပြီးခဲ့တဲ့ မေလ ၂၀၂၁ ခုနှစ်တုန်းက Under Display Camera နည်းပညာအတွက် မူပိုင်ခွင့်ရယူထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်အရ Google ဟာ Selfie Camera ရဲ့ မျက်နှာချင်းဆိုင်မှာ Second Screen ကို ထားထားပြီး ကြားထဲမှာ မှန်တစ်ချပ်ကို ခံထားတဲ့ Sub-Display နည်းပညာကို အသုံးချပြီး Under Display Camera ကိုရအောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် Google ရဲ့ နည်းလမ်းဟာ လက်ရှိ Under Display Camera နည်းပညာတွေထက် ပိုပြီး ကောင်းမွန်နိုင်ပေမယ့် စျေးနှုန်းလည်းပိုမိုမြင့်မားဖွယ်ရှိနေပါတယ်။ နောက်ထပ်လည်း Google ကနေ Under Display Camera နည်းပညာအတွက် အသေးစိတ်မသိရှိရသေးတဲ့မူပိုင်ခွင့်တွေကိုလည်း ရယူထားသေးတာကြောင့် Pixel 7 အတွက် Under Display Camera သုံးလာဖို့ကတော့ သေချာသလောက်ရှိနေပါတယ်။

လက်ရှိအချိန်အထိတော့ Under Display Camera ကို အသုံးပြုထားတဲ့ဖုန်းတွေဟာ လုံးဝ Full Screen Experience ကို ရရှိနိုင်တယ်ဆိုပေမယ့် OLED Display ကြောင့် Selfie Camera မှာရှိတဲ့ Display Pixel ဟာ ဖွာနေသလို Camera ရုပ်ထွက်ကလည်း ပုံမှန်ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် အားနည်းနေဆဲဖြစ်ပါတယ်။ အဆိုပါ ပြဿနာဟာ Galaxy Z Fold 3 လိုမျိုး ဖုန်းတွေမှာပါ ကြုံတွေ့နေရတာကြောင့် Google အနေနဲ့ ဖြေရှင်းနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။ လော‌လောဆယ်မှာတော့ Xiaomi ရဲ့ Mi Mix 4 မှာ သုံးထားတဲ့ Under Display Camera နည်းပညာက အကောင်းဆုံးလို့ ပြောရမှာပါ။

Ref – Gizmo China