Google ဟာ လာမယ့်နှစ်ကုန်ပိုင်းမှာ Pixel 8 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Pixel 8 Series ဟာ မိတ်ဆက်ဖို့ အချိန်လိုအပ်သေးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Render ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ Pixel 8 Series ဖုန်းတွေဟာ ဒီဇိုင်းပိုင်း အဆင့်မြှင့်တင်မှုတွေအပြင် Google ရဲ့ ကိုယ်ပိုင် Tensor Chipset အသစ်ကိုပါ အသုံးပြုလာမှာဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့သတင်းအရ Google Pixel 8 Series မှာ သုံးလာမယ့် Tensor G3 Chipset ဟာ Samsung ရဲ့ Chipset ကိုပဲ အထူးသီးသန့်ပြင်ဆင်ထားတဲ့ Chipset ဖြစ်တယ်လို့ သိရပါတယ်။

ဒါက Samsung ကနေ Galaxy S23 Series ဖုန်းတွေမှာ Qualcomm Snapdragon 8 Gen 2 Chipset တွေကိုပဲ အသုံးပြုလိုက်တဲ့အတွက် အသုံးမပြုဖြစ်တဲ့ Exynos Chipset ကို ပြန်လည်ပြင်ဆင်ပြီး Pixel 8 Series ဖုန်းတွေမှာ ထည့်သွင်းပေးမှာဖြစ်ပါတယ်။ အဆိုပါ Chipset က Exynos 2300 Chipset ကို အခြေခံထားပြီး အထူးသီးသန့်ပြင်ဆင်ပေးထားမှာပါ။

Samsung Exynos 2300 Chipset ဟာ 3.09GHz Clock Speed အထိရရှိနိုင်တဲ့ Cortex X3 Prime Core ၊ 2.65GHz Cortex A715 Core ၄ လုံးအပြင် 2.1GHz Cortex A510 Core ၄ လုံးပါ ပါဝင်မှာဖြစ်ပါတယ်။ Architecture ပိုင်းမှာ Samsung ရဲ့ 4nm Architecture ကို အခြေခံထားမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Google Pixel 7 Series ဖုန်းတွေမှာပါဝင်တဲ့ Tensor G2 Chipset ဟာ တခြားသော Flagship ဖုန်းတွေနဲ့ ယှဥ်ရင် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းနေတယ်ဆိုပြီး ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဒါကြောင့် Pixel 8 Series ဖုန်းတွေက စွမ်းဆောင်ရည်ပိုင်းမှာ ယှဥ်ပြိုင်နိုင််မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China