Zawgyi

Google ကေန ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ေအာက္တိုဘာတုန္းက Pixel 2 စမတ္ဖုန္းေတြနဲ႔အတူ Google Pixel Buds Wireless Earbuds ေတြကိုပါ မိတ္ဆက္ထားခဲ့ပါတယ္။ အခုေနာက္ဆုံးသိရတဲ့သတင္းေတြအရေတာ့ Google ကေန ဒီႏွစ္မွာ Pixel 4 စမတ္ဖုန္းေတြနဲ႔အတူ Pixel Buds 2 ေတြကိုပါ မိတ္ဆက္လာေတာ့မယ္လို႔ သိရပါတယ္။

Google Pixel Buds Wireless Earbuds ေတြဟာ Pixel 2 ဖုန္းနဲ႔အတူ မိတ္ဆက္ခဲ့တုန္းကေတာ့ အဓိက Selling Point ေတြအေနနဲ႔ Google Assistant ကို အၿမဲတမ္းအသုံးျပဳႏိုင္တာနဲ႔ Google Translate Feature ကို Pixel Buds ကေနတင္ အသုံးျပဳေနႏိုင္တာလိုမ်ိဳး Feature ေတြပါဝင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဆိုပါ Google Pixel Buds ေတြဟာ Apple ရဲ႕ AirPods နဲ႔ တျခားေသာ Samsung Galaxy Buds လိုမ်ိဳး True Wireless Earbuds ေတြနဲ႔ ယွဥ္ရင္ေတာ့ Design ပိုင္းမွာ အားနည္းေနတာျဖစ္ပါတယ္။ ဒါကလည္း Google Pixel Buds ေတြက True Wireless Design အစား Cable ပါဝင္ေနတာေၾကာင့္ျဖစ္ပါတယ္။ Charging အေနနဲ႔လည္း Case ကေန တစ္ဆင့္ USB-C Charging ကို အသုံးျပဳထားတယ္ဆိုေပမယ့္ Wireless Charging မပါဝင္တာကလည္း အားနည္းခ်က္တစ္ခုျဖစ္ေနခဲ့တာပါ။

အခု Pixel 4 နဲ႔အတူ မိတ္ဆက္လာႏိုင္တဲ့ Google Pixel Buds 2 နဲ႔ ပတ္သတ္ၿပီးေတာ့လည္း အခုအခ်ိန္အထိ သတင္းအတိအက်မရရွိထားေသးေပမယ့္ ျဖစ္ႏိုင္တာကေတာ့ Google ကေန Cable Design ကို ဆက္လက္အသုံးျပဳလာေတာ့မွာမဟုတ္ဘဲ လုံးဝ True Wireless Design ကို ျပဳလုပ္လာဖို႔မ်ားေနပါတယ္။ ၿပီးေတာ့ Pixel 4 စမတ္ဖုန္းဟာ Next Generation Assistant ပါဝင္လာမွာျဖစ္တဲ့အတြက္ Pixel Buds 2 မွာလည္း အဆိုပါ Assistant အတြက္ Always-on Listening လို Feature တစ္ခုခုပါဝင္လာႏိုင္ဖြယ္ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာေတာ့ Google ကေန ျပဳလုပ္မယ့္ Pixel 4 Event မွာ Pixel 4 အျပင္ တျခားေသာ Product ေတြကိုလည္း ျမင္ရဖို႔ကေတာ့ ေသခ်ာေနပါၿပီ။

Ref – 9to5Google

Unicode

Google ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အောက်တိုဘာတုန်းက Pixel 2 စမတ်ဖုန်းတွေနဲ့အတူ Google Pixel Buds Wireless Earbuds တွေကိုပါ မိတ်ဆက်ထားခဲ့ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Google ကနေ ဒီနှစ်မှာ Pixel 4 စမတ်ဖုန်းတွေနဲ့အတူ Pixel Buds 2 တွေကိုပါ မိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။

Google Pixel Buds Wireless Earbuds တွေဟာ Pixel 2 ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့တုန်းကတော့ အဓိက Selling Point တွေအနေနဲ့ Google Assistant ကို အမြဲတမ်းအသုံးပြုနိုင်တာနဲ့ Google Translate Feature ကို Pixel Buds ကနေတင် အသုံးပြုနေနိုင်တာလိုမျိုး Feature တွေပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Google Pixel Buds တွေဟာ Apple ရဲ့ AirPods နဲ့ တခြားသော Samsung Galaxy Buds လိုမျိုး True Wireless Earbuds တွေနဲ့ ယှဥ်ရင်တော့ Design ပိုင်းမှာ အားနည်းနေတာဖြစ်ပါတယ်။ ဒါကလည်း Google Pixel Buds တွေက True Wireless Design အစား Cable ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ Charging အနေနဲ့လည်း Case ကနေ တစ်ဆင့် USB-C Charging ကို အသုံးပြုထားတယ်ဆိုပေမယ့် Wireless Charging မပါဝင်တာကလည်း အားနည်းချက်တစ်ခုဖြစ်နေခဲ့တာပါ။

အခု Pixel 4 နဲ့အတူ မိတ်ဆက်လာနိုင်တဲ့ Google Pixel Buds 2 နဲ့ ပတ်သတ်ပြီးတော့လည်း အခုအချိန်အထိ သတင်းအတိအကျမရရှိထားသေးပေမယ့် ဖြစ်နိုင်တာကတော့ Google ကနေ Cable Design ကို ဆက်လက်အသုံးပြုလာတော့မှာမဟုတ်ဘဲ လုံးဝ True Wireless Design ကို ပြုလုပ်လာဖို့များနေပါတယ်။ ပြီးတော့ Pixel 4 စမတ်ဖုန်းဟာ Next Generation Assistant ပါဝင်လာမှာဖြစ်တဲ့အတွက် Pixel Buds 2 မှာလည်း အဆိုပါ Assistant အတွက် Always-on Listening လို Feature တစ်ခုခုပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ Google ကနေ ပြုလုပ်မယ့် Pixel 4 Event မှာ Pixel 4 အပြင် တခြားသော Product တွေကိုလည်း မြင်ရဖို့ကတော့ သေချာနေပါပြီ။

Ref – 9to5Google