Google က သတင်းများစွာထွက်နေတဲ့ Pixel Watch ကို ကြေညာလိုက်ပြီး Wear OS 3.5 မောင်းနှင်ထားပါတယ်။ WiFi နဲ့ LTE မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပြီး ၄၁ မီလီမီတာ အရွယ်အစား ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။

Google Pixel Watch announced

၁.၂ လက်မ မျက်နှာပြင် ပါလာပြီး 1000nits Brightness ထောက်ပံ့ထားကာ Always-on Mode ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားပါတယ်။

Google Pixel Watch announced

Pixel Watch မှာ နှလုံးခုန်နှုန်း တိုင်းတာတဲ့ ဆန်ဆာ တပ်ဆင်ထားသလို နှလုံးကို အသေးစိတ် တွက်ချက်ပေးတဲ့ ECG ဆန်ဆာ ပါလာပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။

Different styles of bands available for the Pixel Watch

ဖုန်းတွေမှာလို Custom Chip ကို မသုံးထားဘဲ Google က Exynos 9110 ကို သုံးထားပါတယ်။ 2GB RAM ထည့်သွင်းထားပြီး Google က ဘက်ထရီ သက်တမ်းဟာ ၂၄ နာရီခံတယ်လို့ ပြောပါတယ်။ WiFi , Bluetooth 5.0 , NFC စတဲ့ ဆက်သွယ်မှုတွေ ပါလာပါတယ်။

ဥရောပမှာ Pixel Watch (WiFi) ကို ၃၅၀ ဒေါ်လာနဲ့ LTE ကို ၄၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Pixel Watch ကို ဝယ်ယူသူတွေဟာ Fitbit Premium ကို ၆ လ နဲ့ YouTube Premium ကို ၃ လ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena