iPhone နဲ့ Android တွေရဲ့ ပြိုင်ဆိုင်မှုဟာ ဒီနေ့အထိ ပြတ်သားတဲ့အဖြေတစ်ခုကို မဖော်ဆောင်နိုင်သေးပါဘူး။ Android ကနေ iOS ကို ကူးပြောင်းသွားသူတွေရှိသလို၊ iOS ကနေ Android ကို ကူးပြောင်းလာသူတွေလည်း အမြောက်အများပါပဲ။ မဝေးလှတဲ့အနာဂတ်မှာလည်း Apple Watch နဲ့ Google Pixel Watch ကြား အပြန်အလှန်အကူးအပြောင်းတွေ တွေ့လာရနိုင်ပါတယ်။

ပြောစရာဖြစ်နေတာကတော့ Google Pixel Watch ကို ကာလကြာရှည် စောင့်မျှော်နေရတာပါပဲ။ ဒီနှစ်ထဲမှာ ထွက်မယ်လို့ မျှော်လင့်ထားပြီး သိပ်မကြာတော့ဘူးလို့လည်း သတင်းထွက်နေတာပါ။ Google Pixel Watch ရဲ့ ဒီဇိုင်းပိုင်းကိုလည်း ကနဦး ပေါက်ကြားသတင်းတွေကတစ်ဆင့် သိပြီးထားကြပါပြီ။ Tipsetr Jon Prosser က ဒီနာရီကို Pixel 6 လိုင်းနဲ့အတူ တစ်ပြိုင်နက် ပွဲထုတ်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါသေးတယ်။

ဒါပေမဲ့ Google ဟာ သူတို့ရဲ့ Pixel Watch မိတ်ဆက်ချိန်ကို ပထမသုံးလပတ် ကုန်ဆုံးချိန်အထိ ရွှေ့ပြောင်းလိုက်တယ်လို့ Prosser ကပဲ ထပ်ပြီး ပြောထားပါသေးတယ်။ နောက်တစ်ခါ Google I/O အတွင်းမှာ ဒီနာရီကို ထုတ်ဖော်ပြသမယ်လို့လည်း ဆိုပြန်ပါတယ်။ အခုတစ်ခါ Prosser ထပ်ပြောတဲ့ ရက်စွဲကတော့ မေလ ၂၆ ရက်နေ့၊ ကြာသပတေးနေမှာ Google Pixel Watch ကို တရားဝင် ထုတ်ဖော်မိတ်ဆက်မယ်ဆိုတာပါပဲ။

Prosser ကတော့ ဒီလိုမျိုး ကန့်လန့်ကာနောက်ကွယ်မှာ Device အတွက် ရက်သတ်မှတ်လိုက်တာကို ပထမဆုံးတွေ့ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အခုအချိန်အထိတော့ Google Pixel Watch ရဲ့ အသေးစိတ်အချက်အလက်တွေကို ပြည့်ပြည့်စုံစုံမသိရသေးပါဘူး။ ဒါပေမဲ့ နာရီဟာ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး ညာဘက်မှာ ချိန်သီးကို တပ်ဆင်ပေးထားပါတယ်။ Bezels ကိုလည်း တွေ့မြင်ရပြီး Android 12 ရဲ့ Material You ဒီဇိုင်းကို အသုံးပြုထားတဲ့ ပုံစံဖြစ်ပါတယ်။

Ref: Phone Arena