[Zawgyi]
ဒီနေ့မှာတော့ Pixel ပရိတ်တွေ မျှော်လင့်စောင့်စားနေတဲ့ Google Pixel 3a နဲ့ Pixel 3a XL တို့ရဲ့ ဈေးနှုန်းတွေ ပေါက်ကြားထွက်ပေါ်လာပါပြီ။ ဈေးနှုန်းတွေဟာ This is Tech Today အမည်ရှိ YouTube Channel ကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး၊ Pixel 3a ရဲ့ ဘူးခွံဓာတ်ပုံနဲ့ အချက်အလက်တချို့ကိုပါ ဖော်ပြထားပါတယ်။
This is Tech Today ဆိုတဲ့ YouTube Channel ကို တည်ထောင်ထားသူ Brandon Lee ရဲ့ ပြောကြားချက်များအရ Pixel 3a ရဲ့ ဈေးနှုန်းဟာ ကန်ဒေါ်လာ ၃၉၉ ( မြန်မာငွေ ၆သိန်း ဝန်းကျင် ) ကျသင့်ပြီး Pixel 3a XL ရဲ့ ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၄၇၉ ( မြန်မာငွေ ၇၂၅,၀၀၀ ကျပ် ဝန်းကျင် ) ကျသင့်မယ်လို့ သိရပါတယ်။ ဒါဟာ RAM 4GB + Storage 64GB မော်ဒယ်တွေရဲ့ ဈေးနှုန်းတွေသာ ဖြစ်ပါတယ်။
Ref: The Verge
[Unicode]
Google Pixel 3a နဲ့ 3a XL တို့ရဲ့ စျေးနှုန်းတွေ ပေါက်ကြားသွားပြီဗျိူ့
ဒီနေ့မှာတော့ Pixel ပရိတ်တွေ မျှော်လင့်စောင့်စားနေတဲ့ Google Pixel 3a နဲ့ Pixel 3a XL တို့ရဲ့ စျေးနှုန်းတွေ ပေါက်ကြားထွက်ပေါ်လာပါပြီ။ စျေးနှုန်းတွေဟာ This is Tech Today အမည်ရှိ YouTube Channel ကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး၊ Pixel 3a ရဲ့ ဘူးခွံဓာတ်ပုံနဲ့ အချက်အလက်တချိူ့ကိုပါ ဖော်ပြထားပါတယ်။
This is Tech Today ဆိုတဲ့ YouTube Channel ကို တည်ထောင်ထားသူ Brandon Lee ရဲ့ ပြောကြားချက်များအရ Pixel 3a ရဲ့ စျေးနှုန်းဟာ ကန်ဒေါ်လာ ၃၉၉ ( မြန်မာငွေ ၆သိန်း ဝန်းကျင် ) ကျသင့်ပြီး Pixel 3a XL ရဲ့ စျေးနှုန်းကတော့ ကန်ဒေါ်လာ ၄၇၉ ( မြန်မာငွေ ၇၂၅,၀၀၀ ကျပ် ဝန်းကျင် ) ကျသင့်မယ်လို့ သိရပါတယ်။ ဒါဟာ RAM 4GB + Storage 64GB မော်ဒယ်တွေရဲ့ စျေးနှုန်းတွေသာ ဖြစ်ပါတယ်။
Pixel 3a ရဲ့ Display အပိုင်းအတွက် 1080p Resolution ရှိတဲ့ ၅.၆လက်မ မျက်နှာပြင် အကျယ်ရှိ Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Brandon Lee ကတော့ Pixel 3a နဲ့ 3a XL ၂မျိူးစလုံးရဲ့ ကိုယ်ထည်ကို Plastic နဲ့ပြုလုပ်ထားပြီး Downward-facing Speakers နဲ့ Headphone Jacks တွေ ပါဝင်တယ်လို့ ပြောကြားထားပါတယ်။
Pixel 3a နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလဟလသတင်းတွေအရဆိုရင် အဆိုပါ စမတ်ဖုန်းမှာ Snapdragon 670 SoC, 12MP Camera နဲ့ 3000mAh ဘက်ထရီတွေကို ထည့်သွင်းအသုံးပြုထားနိုင်ပါတယ်။ Pixel 3a XL ကတော့ ပိုကြီးတဲ့ Display , ပိုကြီးတဲ့ Battery တွေနဲ့ ပွဲထွက်လာနိုင်ပါတယ်။ Google အနေနဲ့ Pixel 3a နဲ့ 3a XL တို့ကို မေလ ၇ရက်နေ့မှာ ကျင်းပမယ့် Google’s I/O 2019 မှာ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။
Ref: The Verge