[Zawgyi]
Google အနေနဲ့ သူတို့ရဲ့ စတုတ္ထမြောက် မျိုးဆက်သစ် စမတ်ဖုန်းဖြစ်လာမယ့် Google Pixel 4 ကို တရားဝင် မိတ်မဆက်ခင်မှာ အဆိုပါစမတ်ဖုန်းရဲ့ ဒီဇိုင်းကို အတည်ပြုပေးလိုက်ပါတယ်။ Google Pixel 4 နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ Renders ဓာတ်ပုံတွေကြောင့် အခုလိုမျိုး အတည်ပြုချက်ကို ထုတ်ပြန်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။
Ref : Android Authority
[Unicode]
Pixel 4 ရဲ့ ကျောဘက်ဒီဇိုင်းကို အတည်ပြုပေးလိုက်တဲ့ Google
Google အနေနဲ့ သူတို့ရဲ့ စတုတ္ထမြောက် မျိူးဆက်သစ် စမတ်ဖုန်းဖြစ်လာမယ့် Google Pixel 4 ကို တရားဝင် မိတ်မဆက်ခင်မှာ အဆိုပါစမတ်ဖုန်းရဲ့ ဒီဇိုင်းကို အတည်ပြုပေးလိုက်ပါတယ်။ Google Pixel 4 နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ Renders ဓာတ်ပုံတွေကြောင့် အခုလိုမျိူး အတည်ပြုချက်ကို ထုတ်ပြန်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။
Google ဟာ Pixel 4 ရဲ့ နောက်ကျောဘက်ဒီဇိုင်းကို ဖော်ပြထားတဲ့ ဓာတ်ပုံတစ်ပုံကို #Pixel4 ဆိုတဲ့ Hashtag စာသားနဲ့အတူ တွစ်တာမှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပုံမှာ 2019 iPhone တွေရဲ့ Camera Setup ဒီဇိုင်းနဲ့ အလားသဏ္ဍာန်တူတဲ့ ပုံစံကို မြင်တွေ့ရပြီး၊ Camera Sensor ကို ၂လုံးကနေ ၃လုံးအထိ အသုံးပြုလာနိုင်ပါတယ်။ နောက်ထပ် ထူးခြားချက်ကတော့ Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားတာ မတွေ့ရပါဘူး။ ဒါ့ကြောင့် In-display Fingerprint Sensor ကို အသုံးပြုထားမယ်လို့ ယူဆရပါတယ်။
Google ဟာ Pixel 4 ရဲ့ နောက်ကျောဘက်ဒီဇိုင်းကို ပြသခဲ့ပေမယ့် ရှေ့ဘက်မျက်နှာပြင်ဒီဇိုင်းကိုတော့ ပြသခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့် Pixel 4 မှာ အရင်မျိူးဆက် Pixel 3 XL လိုမျိူး Notch အကြီးကြီး ထပ်ပါဦးမလား ဒါမှမဟုတ် Samsung Galaxy S10+ လိုမျိူး Punch-hole Display နဲ့ ပွဲထွက်လာမလားဆိုတာ အတိအကျ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ Google Pixel 4 ရဲ့ ရှေ့မျက်နှာပြင်မှာ Front-facing Camera Sensors တွေ တစ်ခုထက်မက ပါဝင်လာနိုင်ပြီး၊ Apple လိုမျိူး Face ID ( Face Recognition ) စနစ်ကို ထည့်သွင်းထားနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။
Ref : Android Authority