Android 12 Developer Version ကို ပြီးခဲ့တဲ့ လအနည်းငယ်က ဖြန့်ချိပြီးနောက် အခုဆိုရင် Android 12 Public Beta အဆင့်ကို ရောက်လာပါပြီ။ အခုတော့ Google က Android 12 Beta 2.1 ကို ထုတ်ပေးလိုက်ပြီ ဖြစ်ပြီး အရင်က ဖြန့်ချိခဲ့တဲ့ Android 12 Beta 2 ရဲ့ Bugs တွေကို အဓိက ပြင်ဆင်ထားတဲ့ Update အနည်းငယ်ပဲ ပါလာပါတယ်။

Beta 2.1 မှာ Lock Screen က အရာတွေကို User တွေ သုံးလို့မရတဲ့ ပြဿနာကို ဖြေရှင်းထားပါတယ်။ ဥပမာအားဖြင့် Notification Shade ကို အောက်ဆွဲချလို့ မရတာမျိုးဖြစ်ပါတယ်။ နောက်ဖြေရှင်းထားတဲ့ ပြဿနာက At A Glance Widget မှာ ရာသီဥတုနဲ့ ကလင်ဒါ သတင်းအချက်အလက်တွေ မပေါ်တာပါ။ Gesture Navigation ကနေ Recent Apps ထဲသွားရင် Animations တွေ မှုန်ဝါးနေတာကိုလည်း ဖြေရှင်းပေးထားပါတယ်။

Android 12 မှာ မိတ်ဆက်ထားတဲ့ Mic and Camera Permission Indicators ဟာ ပျောက်နေပြီး ဖုန်း Reboot လုပ်မှပြန်ပေါ်လာတာကိုလည်း ပြင်ဆင်ပေးထားပါတယ်။ အရေးအကြီးဆုံး တစ်ခုက Beta ကို အင်စတောလုပ်ပြီးနောက် Setup Wizard မှာ ရပ်နေတာ ဖြစ်ကာ အဲဒီပြဿနာကို ဖြေရှင်းပေးထားပါတယ်။

အခု Build Number ဟာ SPB2.210513.011 ဖြစ်ပြီး Beta 2 တင်ထားသူတွေမှာ  Over The Air ကနေ ရမှာပါ။ သင့်မှာ Compatible Pixel ဖုန်းရှိရင် Beta 2.1 ကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရယူနိုင်ဖို့ Android Beta for Pixel Program မှာ စာရင်းပေးသွင်းရမှာပါ။

Ref : gsmarena