[Unicode]

Google ဟာ ဧရာမကုမ္ပဏီကြီးဖြစ်တဲ့အပြင် ပြီးခဲ့တဲ့နှစ်တွေထဲမှာ ဈေးကွက်ကို အပြတ်အသတ်သိမ်းပိုက်ထားနိုင်လောက်အောင် ပါဝါကြီးခဲ့တာပါ။ ဒီလို ပါဝါကြီးကြီးနဲ့ အွန်လိုင်း ကြော်ငြာဈေးကွက်ကို လက်ဝါးကြီးအုပ်ခဲ့တာကြောင့် ပြင်သစ်က Google ကို အမေရိကန်ဒေါ်လာ ၁၆၆ သန်း ဒဏ်ကြေး သတ်မှတ်ခဲ့ပါတယ်။

အွန်လိုင်းကြော်ငြာပေါ်လစီအရ ဈေးကွက်လွှမ်းမိုးနိုင်ခြင်းကို အလွဲသုံးစားလုပ်တယ်၊ မလျော်မကန်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဒဏ်ကြေးချမှတ်ခံရတာ ဖြစ်ပေမယ့် အမှန်တကယ်တော့ Google အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကလည်း “နားလည်ဖို့ခက်ခဲတယ်” လို့ ဆိုရမှာပါ။ ဒီအတွက် Google အနေနဲ့ သူ့ရဲ့ ကြော်ငြာစည်းမျဉ်းတွေကို ရှင်းပြပေးဖို့ တောင်းဆိုခြင်းခံခဲ့ရပါတယ်။

ဒီပြဿနာဟာ ၂၀၁၅ တုန်းက Gibmedia ကတိုင်ကြားတဲ့အတွက် သူ့ရဲ့အကောင့်ကို ဆိုင်းငံ့ထားတာကနေ စတင်ခဲ့တာပါ။ အမှုအတွက် Google မှားယွင်းစွာနဲ့ ရပ်ထားတဲ့အခြားအကောင့်တွေကိုလည်း ဥပမာအဖြစ် တင်သွင်းခဲ့ပါသေးတယ်။ အေဂျင်စီကတော့ အမေရိကန်ကုမ္ပဏီကြီးဟာ “Keywords” တွေပေါ်အခြေခံပြီး ကြော်ငြာဝယ်သူတွေကို မမျှမတပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

စွပ်စွဲချက်တွေထဲမှာ အဓိကပြောသွားတာကတော့ Google ရဲ့ ကြော်ငြာပလက်ဖောင်းမှာ အသုံးပြုတဲ့နည်းလမ်းတွေက “နားလည်ဖို့ခက်ခဲ့တယ်” “မမျှတဘဲ တစ်ဘက်သတ်ဆန်တဲ့နည်းလမ်းဖြစ်တယ်” ဆိုတာတွေပဲ ဖြစ်ပါတယ်။ Google ကတော့ အကောင့်အချို့ကို ဆိုင်းငံ့ထားတာနဲ့ ပတ်သက်ပြီး စားသုံးသူတွေကို ကာကွယ်ပေးတာဟာ “လုံးဝကို တရားဝင်တယ်” လို့ ပြန်လည်ငြင်းချက်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တူညီတဲ့ဝန်ဆောင်မှုကို အချို့ကုမ္ပဏီတွေရဲ့ ကြော်ငြာတွေမှာ ခွင့်ပြုပြီး အချို့မှာတော့ ဆိုင်းငံ့ထားတာသာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ကြောင်း AP (The Associated Press) က ရေးသားဖော်ပြခဲ့ပါတယ်။

Ref: 9To5Google

[Zawgyi]

အြန္လိုင္းေၾကာ္ျငာေဈးကြက္ကို လက္ဝါးႀကီးအုပ္လို႔ ေဒၚလာ ၁၆၆ သန္းဒဏ္ေၾကးေဆာင္ရတဲ့ Google

Google ဟာ ဧရာမကုမၸဏီႀကီးျဖစ္တဲ့အျပင္ ၿပီးခဲ့တဲ့ႏွစ္ေတြထဲမွာ ေဈးကြက္ကို အျပတ္အသတ္သိမ္းပိုက္ထားႏိုင္ေလာက္ေအာင္ ပါဝါႀကီးခဲ့တာပါ။ ဒီလို ပါဝါႀကီးႀကီးနဲ႔ အြန္လိုင္း ေၾကာ္ျငာေဈးကြက္ကို လက္ဝါးႀကီးအုပ္ခဲ့တာေၾကာင့္ ျပင္သစ္က Google ကို အေမရိကန္ေဒၚလာ ၁၆၆ သန္း ဒဏ္ေၾကး သတ္မွတ္ခဲ့ပါတယ္။

အြန္လိုင္းေၾကာ္ျငာေပၚလစီအရ ေဈးကြက္လႊမ္းမိုးႏိုင္ျခင္းကို အလြဲသုံးစားလုပ္တယ္၊ မေလ်ာ္မကန္လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ဒဏ္ေၾကးခ်မွတ္ခံရတာ ျဖစ္ေပမယ့္ အမွန္တကယ္ေတာ့ Google အသုံးျပဳခဲ့တဲ့ နည္းလမ္းေတြကလည္း “နားလည္ဖို႔ခက္ခဲတယ္” လို႔ ဆိုရမွာပါ။ ဒီအတြက္ Google အေနနဲ႔ သူ႔ရဲ႕ ေၾကာ္ျငာစည္းမ်ဥ္းေတြကို ရွင္းျပေပးဖို႔ ေတာင္းဆိုျခင္းခံခဲ့ရပါတယ္။

ဒီျပႆနာဟာ ၂၀၁၅ တုန္းက Gibmedia ကတိုင္ၾကားတဲ့အတြက္ သူ႔ရဲ႕အေကာင့္ကို ဆိုင္းငံ့ထားတာကေန စတင္ခဲ့တာပါ။ အမႈအတြက္ Google မွားယြင္းစြာနဲ႔ ရပ္ထားတဲ့အျခားအေကာင့္ေတြကိုလည္း ဥပမာအျဖစ္ တင္သြင္းခဲ့ပါေသးတယ္။ ေအဂ်င္စီကေတာ့ အေမရိကန္ကုမၸဏီႀကီးဟာ “Keywords” ေတြေပၚအေျခခံၿပီး ေၾကာ္ျငာဝယ္သူေတြကို မမွ်မတျပဳလုပ္ခဲ့တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

စြပ္စြဲခ်က္ေတြထဲမွာ အဓိကေျပာသြားတာကေတာ့ Google ရဲ႕ ေၾကာ္ျငာပလက္ေဖာင္းမွာ အသုံးျပဳတဲ့နည္းလမ္းေတြက “နားလည္ဖို႔ခက္ခဲ့တယ္” “မမွ်တဘဲ တစ္ဘက္သတ္ဆန္တဲ့နည္းလမ္းျဖစ္တယ္” ဆိုတာေတြပဲ ျဖစ္ပါတယ္။ Google ကေတာ့ အေကာင့္အခ်ိဳ႕ကို ဆိုင္းငံ့ထားတာနဲ႔ ပတ္သက္ၿပီး စားသုံးသူေတြကို ကာကြယ္ေပးတာဟာ “လုံးဝကို တရားဝင္တယ္” လို႔ ျပန္လည္ျငင္းခ်က္ထုတ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း တူညီတဲ့ဝန္ေဆာင္မႈကို အခ်ိဳ႕ကုမၸဏီေတြရဲ႕ ေၾကာ္ျငာေတြမွာ ခြင့္ျပဳၿပီး အခ်ိဳ႕မွာေတာ့ ဆိုင္းငံ့ထားတာသာ ျဖစ္တယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့ေၾကာင္း AP (The Associated Press) က ေရးသားေဖာ္ျပခဲ့ပါတယ္။

Ref: 9To5Google