Android 2.3.7 (Final Version of Gingerbread) နဲ့ ဒီထက် ဟောင်းတဲ့ Android Devices ကိုင်ထားသူတွေအတွက် စိတ်မကောင်းစရာ သတင်း ဖြစ်ပါတယ်။ Google က အဲဒီ Android Devices အဟောင်းတွေကနေ Google အကောင့်ကို Sign In ဝင်ခွင့်ကို စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ကာ ပိတ်ပင်တော့မှာ ဖြစ်တယ်လို့ Liliputing က ရထားတဲ့ စာရွက်စာတမ်းတွေကနေ သိရပါတယ်။

AOSP 2.3.7 GingerBread on Galaxy Ace - YouTube

Google က “ Users တွေ လုံခြုံဘေးကင်းစေဖို့အတွက် Google ဟာ Android 2.3.7 နဲ့ ဒီထက် ဟောင်းတဲ့ Android Devices တွေကနေ Google အကောင့် Sign In ဝင်ခွင့်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေစကာ ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ Android Devices အဟောင်းတွေကနေ စက်တင်ဘာလ ၂၇ ရက်နောက်ပိုင်း Gmail , YouTube နဲ့ Maps တို့လို Google ထုတ်ကုန်ဲန့ ဝင်ဆောင်မှုတွေကို  Sign In ဝင်တဲ့အခါ Username / Password Errors ကို ပြသမှာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Really old Galaxy devices will soon lose access to Google services -  SamMobile

Android 2.3.7 ကို ဖြန့်ချိထားတာ ၁၀ နှစ်နီးပါးတောင် ရှိပြီ ဖြစ်တဲ့အတွက် အဲဒီ Device အဟောင်းတွေကို ကိုင်ထားတဲ့ လူတွေဟာ မရှိသလောက် ရှားပါးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ Android Devices ပေါင်း ၃ ဘီလီယမ်ကျော် ရှိတဲ့အတွက် အဲဒီလို  Android Device အဟောင်းတွေကိုင်ထားသူတွေ အနည်းငယ်ရှိနေနိုင်ပါတယ်။ သဘောကတော့ Google ရဲ့ မူဝါဒ အသစ်ကြောင့် ထိခိုက်တဲ့ ပမာဏ အနည်းငယ်ပဲ ရှိမှာပါ။

Android 2.3.7 နဲ့ ဒီထက် ဟောင်းတဲ့ Android Devices တွေကို ကိုင်ထားသူတွေဟာ စက်တင်ဘာလ ၂၇ ရက်နောက်ပိုင်းမှာ Google ဝန်ဆောင်မှုတွေကို Log In ဝင်ထားတဲ့ ဘရောက်စာတွေကနေ ဆက်လက် အသုံးပြုလို့ရမယ်လို့ Google က ပြောပါတယ်။ Android 3.0 (Honeycomb) Devices ကိုင်ထားသူတွေကတော့ Google အကောင့်တွေကို Log In ဝင်ကာ အသုံးပြုနိုင်ဦးမှာ ဖြစ်တယ်လို့ Google က ရှင်းပြပါတယ်။ အဲဒီအတွက် Device အဟောင်းတွေမှာ Update ရရင် တင်ထားသင့်ကြောင်း သတင်းပါးလိုက်ပါတယ်။

Ref : theverge